အက်ဂျူကေးရှင်းစီးတီးကွင်းက ပထမပိုင်းဟာ အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက ပွဲပြီးဝီစီမှုတ်ခဲ့ပြီးနောက်မှာ အကြီးမားဆုံး ပြောစရာ ကိစ္စ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

လူကာ မိုဒရစ်နဲ့ ကက်စမီရိုတို့ဟာ သောကြာနေ့ည ခရိုအေးရှားနဲ့ ဘရာဇီးလ်တို့ရဲ့ ကွာတားဖိုင်နယ် ပထမပိုင်းအပြီး ဥမင်လျှောက်လမ်းထဲ ဆင်းချိန်မှာ ရှပ်ချင်း လဲလှယ်ခဲ့ကြပါတယ်။

အက်ဂျူကေးရှင်းစီးတီးကွင်းက ပထမပိုင်းဟာ အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက ပွဲပြီးဝီစီမှုတ်ခဲ့ပြီးနောက်မှာ အကြီးမားဆုံး ပြောစရာ ကိစ္စ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ မိုဒရစ်ဟာ အဝတ်လဲခန်းထဲကို သွားနေရင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ကက်စမီရိုကို နှုတ်ဆက်ဖို့ ပြန်လှည့်ကြည့်ခဲ့တာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် မေးဆတ်ပြခဲ့ပြီးနောက် ရှပ်ချင်းလဲလှယ်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအခိုက်အတန့်ဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေအတွက် ပြောစရာဖြစ်ခဲ့တာဖြစ်ပြီး အများစုက ပထမပိုင်းအပြီးမှာ ရှပ်ချင်းလဲလှယ်တဲ့အပေါ် ရွိုင် ကီးန် မှတ်ချက်ပေးတာကို လိုချင်ခဲ့ကြတာဖြစ်ပါတယ်။ "တစ်ယောက်လောက် ရွိုင် ကီးန်ကို BBC ထုတ်လွှင့်မှုကို မြန်မြန်လုပ်ပေးပါ။ မိုဒရစ်နဲ့ ကက်စမီရိုတို့ ပထမပိုင်းအပြီးမှာပဲ ရှပ်ချင်းလဲနေကြပြီ"လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး "ခင်ဗျားတို့က ချန်ပီယံလိဂ် ၅ ကြိမ်အထိ အတူတူ ရရှိခဲ့တဲ့အချိန်မှာ ခင်ဗျား လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်"လို့ နောက်ထပ် ပရိသတ်တစ်ဦးက ထောက်ခံတဲ့ပုံစံနဲ့ မှတ်ချက်ပေးခဲ့ပါတယ်။



ရွိုင် ကီးန်ဟာ ရှပ်ချင်းလဲလှယ်တာကို ကျိန်းသေပေါက် မနှစ်သက်သူတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကစားသမားတစ်ဦးကို ရှပ်ချင်းလဲလှယ်ဖို့ တောင်းဆိုခဲ့တဲ့ အချိန်တစ်ခုကို နောင်တရခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ် နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ အိုင်ယာလန်က ဂျာမနီကို ခြေစမ်းပွဲမှာ အနိုင်ရရှိခဲ့ပြီး ရွိုင် ကီးန်က မားသီးယပ်စ် ဆန်းမားကို ရှပ်ချင်းလဲလှယ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ရွိုင် ကီးန်က ယဉ်ယဉ်ကျေးကျေးနဲ့ တောင်းဆိုခဲ့ပေမယ့်လည်း ၁၉၉၆ ဘလွန်ဒေါဆုရှင်ဖြစ်လာမယ့် ဆန်းမားက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ဂန္တဝင်အတွက် သေရာပါ အမှတ်ရစရာ ဖြစ်ရပ်ဆိုးဖြစ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က