လူငယ်တိုင်း အမှားလုပ်ဖူးကြပေမယ့် သူ့အမှားအတွက် ပြန်ပေးဆပ်လိုက်ရတာ အဆမတန်ပါပဲတဲ့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။
Photo : ဥက္ကာမင်းမောင် FB
သရုပ်ဆောင် မိုးအောင်ရင် သတင်းကြောင့် အနုပညာအသိုင်းအဝိုင်းက သူငယ်ချင်း၊ မိတ်ဆွေတွေက စိတ်မကောင်းဖြစ်လို့ နေကြပါတယ်။ အဲ့ထဲမှာမှ သရုပ်ဆာင် ဥက္ကာမင်းမောင်ကလည်း မိုးအောင်ရင်အတွက် စိတ်မကောင်းကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားလို့ လာပါတယ်။
Photo : ဥက္ကာမင်းမောင် FB
"မိုးအောင်ရင် အတွက် တကယ်စိတ်မကောင်းဘူး.. သနားပါတယ်.. သတင်းဖတ်ပြီး တကယ် ပါးစပ်အဟောင်းသားဖြစ်သွားတယ်.. လူငယ်တိုင်း အမှားလုပ်ဖူးကြတယ်.. သူ့အမှားအတွက် သူပြန်ပေးဆပ်လိုက်ရတာက အဆမတန်ပဲ.. ၁၂ နှစ်ဆိုတာ နည်းတာမှမဟုတ်ပဲ.. သူ့အတွက်ရော သူ့မိသားစုအတွက်ရော တကယ်စိတ်မကောင်းဘူး.." ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာဒီဇင်ဘာ(၁၂) ရက်နေ့က ရေးသားထားတာပါ။
Photo : ဥက္ကာမင်းမောင် FB
သရုပ်ဆောင် မိုးအောင်ရင်ကို ဒီနေ့ (ဒီဇင်ဘာ ၁၂ရက်)က ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က) နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်ပါတယ်။ ထို့အတူ ပြီးခဲ့သော နိုဝင်ဘာ(၂၆) ရက်နေ့က ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့် ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ်ကျခံရမှာ ဖြစ်ပါတယ်။
မိုးအောင်ရင်ဟာ မူးယစ်ပုဒ်မတွေဖြစ်တဲ့ ၁၅၊၁၆(ဂ)နဲ့ ၁၉(က)တို့နဲ့ မြို့နယ်နဲ့ ခရိုင်တရားရုံးတို့မှာ တပြိုင်ထဲ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိုးအောင်ရင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ဘုန်းမြင့်အောင်ကို မူးယစ်ဆေးဝါးဥပဒေပုဒ်မ-၁၉(က)/၁၅ နဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံခဲ့ရပြီး လူလူသန်းဦးကိုတော့ မူးယစ်ဆေးဝါးဥပဒေပုဒ်မ-၁၅ နဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ၂၀၁၆ခုနှစ် သြဂုတ်လ(၂၉) ရက်နေ့က ပုဇွန်တောင် မြို့နယ်ရှိ သူ့ရဲ့ ရည်းစားဖြစ်သူနေအိမ်မှာ အိုက်စ်မူးယစ်ဆေးဝါး ၁ဂရမ်နဲ့အတူ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။
Photo : ဥက္ကာမင်းမောင် FB
မိုးအောင်ရင်အတွက် ပရိသတ်တွေရော အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေရော စိတ်မကောင်းဖြစ်လို့နေပါတယ်။ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထား ပါတယ်။