အာဆင်နယ်တို့ နုရင်ဘတ်ကို အနိုင်ရရှိခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ နုရင်ဘတ်နဲ့အာဆင်နယ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာတော့ နှစ်သင်းပေါင်းသွင်းဂိုး (၈) ဂိုး အထိ ဂိုးမိုးရွာခဲ့ပြီး အာဆင်နယ်က ၃-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေအတွက် ပိုပြီးကျေနပ်စရာကောင်းခဲ့တာက အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။



ဂျာမန်ဒုတိယတန်းကလပ် နုရင်ဘတ်ဟာ ပထမပိုင်းမှာတင် အာဆင်နယ်ကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားတာကြောင့် အာဆင်နယ်ရဲ့ ရာသီကြိုခရီးစဥ် ပထမဆုံးပွဲက ရှုံးပွဲနဲ့ရင်ဆိုင်ရတော့မလား ပရိသတ်တွေ စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဂျီးဆပ်စ်လူစားဝင်လာမှု၊ ဂိုးသွင်းခြေစွမ်းပြမှုတွေနဲ့အတူ အာဆင်နယ်တို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ရရှိခဲ့ပါတယ်။


ဂျီးဆပ်စ်ဟာ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးပွဲအဖြစ် လူစားဝင်လာပြီး စက္ကန့် (၉၀) နဲ့တင် အသင်းသစ်အတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီရဲ့ဖန်တီးပေးမှုကတဆင့် ရရှိခဲ့တဲ့ ဒီသွင်းဂိုးဟာ အာဆင်နယ်ရဲ့ အကောင်းဆုံးတိုက်စစ်ကစားပုံ တည်ဆောက်မှုကို မြင်တွေ့ခဲ့တယ်လို့တောင် ပြောနိုင်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဒုတိယပိုင်းမှာပဲ လူစားဝင်လာတဲ့ ကွင်းလယ်လူ မိုဟာမက်အယ်လ်နီနီက ကိုက် (၃၀) အကွာကနေ ကန်သွင်းပြီး အာဆင်နယ်တို့ တဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နုရင်ဘတ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ နှစ်ဂိုးကြောင့် အာဆင်နယ်တို့ ၂-၄ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။


ချေပဂိုးတဂိုးပြန်ပေးခဲ့ရသေးပေမယ့် ဂျီးဆပ်စ်ရဲ့ ပွဲသိမ်းအနိုင်ဂိုးနဲ့ပဲ အာဆင်နယ်တို့ ၃-၅ ဂိုးနဲ့ ဂျာမန်ခြေစမ်းခရီးစဥ်မှာ အဖွင့်လှခဲ့ရပါတယ်။ အာဆင်နယ်ဟာ ဒီမတိုင်ခင်က အစ်ဆွစ်ချ်နဲ့ ရာသီကြိုခြေစမ်းပွဲအဖြစ် ကွင်းပိတ်ကစားခဲ့ရတုန်းကလည်း အန်ကီတီယာရဲ့ဟက်ထရစ်နဲ့အတူ ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် အဲဗာတန်၊ အော်လန်ဒိုစီးတီး၊ ချဲလ်ဆီး၊ ဆီဗီလာတို့နဲ့ ဆက်လက်စားသွားရမှာပါ။

Share

Loading Next Article...
က္က