(၁)ဦးကို အသက်ရှင်လျှက်ကယ်တင်ထားနိုင်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၆)နာရီခန့်က မိုးကုတ်မြို့နယ် ၊ရွှေဂူရပ်ကွက် မှာ လူနေအိမ် (၂)လုံးပေါ် ကျောက်ကမ်းပါးယံပြိုကျမှုကြောင့် လူ(၂)ဦးပိတ်မိနေမှု ဖြစ်ပွါးခဲ့ပါတယ်။

အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦးပိတ်မိနေခဲ့တာဖြစ်ပြီး သတင်းရရှိခြင်းမှာပဲ မိုးကုတ်မြို့နယ် မီးသတ်မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မနက် (၇:၃၀)မိနစ်အချိန်မှာတော့ အမျိုးသမီးကို အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ အမျိုးသမီးကိုတော့ အသက်ရှက်လျှက် ကယ်နိုင်ထားတယ်။ ဦးခေါင်းဒဏ်ရာရိထားတာကြောင့် အခုဆေးရုံပို့ဆောင်ထားပြီ။ လုနာရဲ့ အခြေအနေကိုတော့ ကျွန်တေ်ဆရာကိုယ်တိုင် ဆေးရုံလိုက်ကြည့်နေတုန်းပါ။ ကျန်တဲ့ အမျိုးသား(၁)ဦးကိုတော့ အခုထိ ကယ်ဆယ်ရေးလုပ်ဆောင်နေတုန်းပဲ။ တခြားအပြင်လူတွေတော့ ထိခိုက်ဒဏ်ရာ ရရှိတာမရှိဘူး”လို့ မိုးကုတ်မြို့နယ် မီးသတ်မှ တာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

ကျောက်ကမ်းပါးယံ က နေအိမ်(၂)လုံးပေါ်ပြိုကျပေမယ့် တစ်လုံးက အနည်းငယ်ထိရုံသာဖြစ်ပြီး ကျန်တဲ့ အိမ်တစ်လုံးပေါ်ကို ပိကျသွားခဲ့တာဖြစ်ပါတယ်။

ကျောက်ကမ်းပါးယံပြိုကျမှုကြောင့် ပိတ်မိခဲ့သူနှစ်ဦးက မောင်နှမတော်စပ်ပြီး ညီမဖြစ်သူဒေါ်တင်နွယ် အသက် (၄၈)နှစ်ကိုတော့ ကယ်တင်ထားနိုင်ပြီဖြစ်ရာ အစ်ကိုဖြစ်သူ ဦးမောင်ဝင်း အသက် (၅၈)နှစ်ကိုတော့ ကယ်ဆယ်ရေးဆက်လက်ဆောင်ရွက်နေပါတယ်။

လက်ရှိ ကျောက်ကမ်းယံပြိုကျတဲ့နေရာက မိုးရွာသွန်းခြင်းမရှိသလို ရာသီဥတုအခြေအနေကောင်းမွန်လျှက်ရှိပြီး ပြိုကျရခြင်းအကြောင်းအရင်းကိုတော့ စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က