ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးဖွယ်ရှိနေတာပါ။

ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ရင်တောင် ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်​ရရှိဖို့ မသေချာဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အကြောင်းရင်းကတော့ ယူနိုက်တက်ရဲ့ ရှယ်ယာတွေကို ဝယ်ယူထားတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ပြင်သစ်လီဂူးကလပ် နိုက်စ်ကို ပိုင်ဆိုင်ထားမှုကြောင့်ပါ။



ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ယူနိုက်တက်ရဲ့ ရှယ်ယာတွေကို ပေါင် (၁) ဘီလျံနဲ့ ဝယ်ယူကာ အသင်းရဲ့ အားကစားရေးရာကိစ္စရပ်တွေကို ချုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူက ပြင်သစ်လီဂူးကလပ် နိုက်စ်ကိုလည်း ပိုင်ဆိုင်ထားပြီး ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းနဲ့ ငြိစွန်းနေခဲ့တာပါ။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပိုင်ရှင်တူတဲ့ အသင်းနှစ်သင်းဟာ တူညီတဲ့ ပြိုင်ပွဲတစ်ခုမှာ ပါဝင်ကစားခွင့် မရှိပါဘူး။ လက်ရှိမှာ နိုက်စ်ရော၊ ယူနိုက်တက်ရောက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပစ်မှတ်ထား ကြိုးစားလျက်ရှိပါတယ်။ အဲ့ဒါကြောင့် သူတို့နှစ်သင်းစလုံး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင်တော့ နှစ်သင်းစလုံး ပါဝင်ခွင့်ရဖို့က မဖြစ်နိုင်ပါဘူး။

ကနဦးမှာတော့ ရက်ကလစ်ဖ်က ဒီကိစ္စအတွက် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ယူအီးအက်ဖ်အေကတော့ ဒါနဲ့ပတ်သက်လို့ ဘယ်လိုချွင်းချက်မျိုးမှ မထားဖို့ စီစဉ်ထားပုံရပါတယ်။ လက်ရှိမှာ နိုက်စ်က ပြင်သစ်လီဂူး အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး အဆင့် (၄) နေရာက လိုင်လီနဲ့ ရမှတ်တူ အနေအထားမျိုးမှာရှိနေတာပါ။

ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၆) မှာ ရပ်တည်နေပြီး အဆင့် (၄) နေရာက အက်စတွန်ဗီလာနဲ့ (၉) မှတ်အထိ ကွာဟနေပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေရဲ့ အဆင့်သတ်မှတ်ချက်အရ ပရီးမီးယားလိဂ် (၅) သင်းအထိ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ပေမယ့် အဆင့် (၅) နေရာက စပါးနဲ့လည်း ယူနိုက်တက်က (၆) မှတ် ကွာဟနေပြန်ပါတယ်။

Share

Loading Next Article...
က္က