ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တာပါ။

ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ကီပါကို ထည့်သွင်းလူစားလဲခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြတူချယ်လ်က သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပင်နယ်တီအဆုံးအဖြတ်မှာ တလုံးမှမဖမ်းနိုင်ခဲ့တဲ့အပြင် အဆုံးအဖြတ်ပင်နယ်တီကန်သွင်းရာမှာ မိုးပေါ်ထောင်ကန်မိခဲ့တဲ့ ကီပါမှာလည်း အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

နှစ်ဖက်အသင်းဂိုးသမားတွေအပြိုင်အဆိုင်လက်စွမ်းပြနေခဲ့ပြီး ချယ်လ်ဆီးရဲ့ ပထမဂိုးသမားမန်ဒီကလည်း အံ့အားသင့်ဖွယ်ရာ ကာကွယ်မှုတွေကို သာမန်ပွဲချိန်အတွင်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အချိန်ပိုကစားရဖို့အထိဖြစ်လာခဲ့ကာ တူချယ်လ်က ပင်နယ်တီကာကွယ်မှုတွေမှာ လက်စွမ်းထက်တဲ့ ကီပါကို လူစားလဲဖို့အတွက် ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ချယ်လ်ဆီးအတွက် ပင်နယ်တီကာကွယ်မှုတွေကို အမြဲတမ်းလုပ်ပြနိုင်ခဲ့တဲ့ ကီပါဟာ ဒီတကြိမ်မှာတော့ လီဗာပူးလ်ဘက်က ကန်သွင်းမှု ၁၁ ကြိမ်စလုံးကို မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ တူချယ်လ်က "အရင်ကလည်း ပင်နယ်တီမကန်ခင် ကီပါကို လူစားလဲခဲ့ဖူးပါတယ်၊ သူက ပင်နယ်တီကာကွယ်မှုမှာ နည်းနည်းပိုကောင်းလို့ ကျနော်တို့ လုပ်ခဲ့တာပါ"

"တခါတလေမှာ ဒီအရာတွေက ဆန့်ကျင်ဘက်ဖြစ်နိုင်ပေမယ့် ကျနော်တို့က အကြောင်းပြချက်တခုနဲ့လုပ်ခဲ့တာပါ၊ မန်ဒီ ကွင်းထဲမှာမရှိတော့ရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့လည်း မသိနိုင်ဘူးလေ၊ ကီပါအပေါ် အပြစ်မတင်ပါနဲ့၊ ကျနော့်ကိုသာတင်ပါ၊ ဒီဆုံးဖြတ်ချက်က ကျနော်ချမှတ်ခဲ့တာပါ၊ တခါတလေမှာ အလုပ်မဖြစ်တတ်ဘူး၊ တခါတလေတော့ အလုပ်ဖြစ်သွားတယ်"

"ဒါက ဘောလုံးနည်းပြတယောက်ရဲ့ ဘ၀ပါပဲ၊ သူက ပင်နယ်တီတကြိမ်တည်းပဲ လွဲချော်ခဲ့တာပါ၊ သူ့အတွက်တော့ နည်းနည်းကြမ်းတမ်းတယ်ဆိုပေမယ့် ဒါက သူ့အပြစ်မဟုတ်သလို အပြစ်လည်းမရှိပါဘူး" လို့ ပြောဆိုခဲ့ကြောင်း The Athletic က ဖော်ပြခဲ့ပါတယ်။ 

Share

က္က