၂၀၂၁ မှာ စိတ်လှုပ်ရှားစရာမဟုတ်တဲ့ တန်ဖိုးသင့်ဖုန်း

Motorola ကနေ ဘက်ဂျက်ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Moto G Pure ကို ကြေညာလိုက်ပါတယ်။

           Moto G Pure ဟာ ကုမ္ပဏီရဲ့ ဈေးအသက်သာဆုံးဖုန်းလို့ ဆိုတဲ့ ဒေါ်လာ ၁၇၀ တန် Moto G Play ထက်ကို သက်သာတဲ့ဈေးနဲ့ အမေရိကဈေးကွက်ထဲ ရောက်လာတာပါ။ Budget ဖုန်းဖြစ်တဲ့အတိုင်း ဒီဖုန်းကို အများကြီး မျှော်လင့်ထားလို့ မရပါဘူး။ Moto G Pure မှာ စရိတ်လျှော့ချဖို့ 720p display သုံးထားပါတယ်။ Screen Size က ၆.၅ လက်မ ဖြစ်ပြီး IPS LCD screen type ဖြစ်ပါတယ်။




Photo: The Verge


           waterdrop notch ဒီဇိုင်း အောက် chin ခပ်ထူထူနဲ့လာပြီး ကျောဘက်မှာ 13MP ကင်မရာ ၊ 2MP depth sensor နဲ့ LED flash တစ်ခု ပါရှိပါတယ်။ Waterdrop notch ထဲမှာ 5MP selfie ကင်မရာပါပြီး video တွေကို 30fps နှုန်းနဲ့ Full HD ထွက်အောင် ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ ပလတ်စတစ်ဘော်ဒီ ၊ အခြေခံ ရေစိုခံနှုန်း IP52 rating နဲ့လာပြီး ပါးလွှာပေါ့ပါးမှုရှိပါတယ်။ ကျောဘက်မှာ Fingerprint scanner တပ်ဆင်ထားပြီး နားကြပ်ပေါက်ကို အပေါ်ဘက်မှာ ထည့်ပေးထားပါတယ်။

           12nm octa-core Helio G25 chipset သုံးထားပြီး RAM 3GB/32GB storage ပါရှိပါမယ်။ microSD card ကနေ 512GB အထိ ထပ်တိုးနိုင်ပါတယ်။ ဘက်ထရီပါဝါအနေနဲ့ 4000mAh သုံးထားပြီး USB Type-C port နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Android စနစ်ကတော့ Android 11 OS သုံးထားတာပါ။ ဈေးနှုန်း ဒေါ်လာ ၁၆၀ (မြန်မာငွေ ၃ သိန်းကျော်) ကျသင့်မှာပါ။

 

       


ဆက်စပ်အကြောင်းအရာများ

Share

က္က