သူများထက် ဦးအောင် 200MP ကင်မရာ သုံးတော့မှာပါ

Lenovo ပိုင် Motorola ဟာ MegaPixel အမြင့်ဆုံး ဖုန်းကို ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာပဲ Samsung ဟာ စမတ်ဖုန်းတွေအတွက် 200MP ကင်မရာ Sensor သစ်ကို ကြေညာခဲ့ပါတယ်။ GSMArena သတင်းအရ Motorola ဟာ Frontier လို့ ကုဒ်နာမည်ပေးထားတဲ့ Flagship ဖုန်းသစ်ကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ Frontier ဟာ တလောကမှ ထွက်ရှိခဲ့တဲ့ Moto Edge X30 ရဲ့ Specs တချို့ကို ပြန်သုံးလာမယ်လို့လည်း သတင်းထွက်နေပါတယ်။



Photo: pipanews


ကမ္ဘာ့ပထမဆုံး Snapdragon 8 Gen 1 Chipset သုံး Moto Edge X30 လိုပဲ Frontier ကုဒ်နာမည်နဲ့ Moto ဖုန်းသစ်ဟာ ၆.၆၇ လက်မ ဘောင်ကွေး FHD+ OLED Screen နဲ့လာပြီး 144Hz Refresh Rate ပါရှိမယ်လို့ ဆိုပါတယ်။ Processor ကိုတော့ လက်ရှိ Samsung နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Snapdragon 8 Gen 1 မဟုတ်ဘဲ TSMC ရဲ့ 4nm process နဲ့ ထုတ်ထားတဲ့ chips ကို သုံးလာဖို့ ရှိပါတယ်။ ဒါကိုပဲ ဒုတိယမျိုးဆက် Snapdragon 8 Gen လို့ နာမည်ပေးသွားဖို့ ရှိပါတယ်။

Motorola Flagship ဖုန်းသစ်ရဲ့ ထူးခြားချက်က 200MP ကင်မရာ သုံးလာမယ်ဆိုတဲ့အချက်ပါပဲ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာထဲမှာ Samsung ဟာ စမတ်ဖုန်းတွေအတွက် 200MP ISOCELL HP1 Sensor ကို သုံးလာခဲ့ပါတယ်။ ဒီ sensor ဟာ Pixel Binning ပိုင်း နည်းပညာသစ်တွေ ပါဝင်လာပြီး အားကောင်းတဲ့ Low-Light ရိုက်ချက်တွေ ဖန်တီးနိုင်ဖို့ ရှိပါတယ်။ အလင်းအမှောင် အနေအထားကို လိုက်ပြီး Full-Pixel Rendering နဲ့ 2x2 ၊ 4x4 pixel binning mode တွေ သုံးပြီး ပုံနဲ့အလင်းရုပ်ထွက်ပိုကောင်းအောင် ဖမ်းယူသွားမှာပါ။

HP1 Sensor ဟာ 8K Videos တွေကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး 4K Videos တွေကိုတော့ 120fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ စမတ်ဖုန်း Tipster တစ်ဦးဖြစ်တဲ့ IceUniverse ကတော့ Samsung ရဲ့ 200MP ကင်မရာကို Motorola က ပထမဆုံး သုံးလာမယ်လို့ ပြောထားပါတယ်။ Frontierကုဒ်နာမည်နဲ့ သတင်းထွက်နေတဲ့ Motorola ဖုန်းအကြောင်းကတော့ စိတ်လှုပ်ရှားစရာ သတင်းသစ်တွေ ဆက်ကြားသိရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က