Lenovo ရဲ့ နာမည်ကျော် လက်ပ်တော့ရဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမလား

Lenovo ရဲ့ ThinkPad လက်ပ်တော့တွေကို နှစ်သက်သူတို့အတွက် Motorola ကနေ ThinkPhone ဆိုပြီး မိတ်ဆက်တော့မှာပါ။ 

Lenovo ThinkPad စတိုင် ကာဗွန်ဖိုက်ဘာဒီဇိုင်းနဲ့ ဖုန်းအကြောင်းကို The Tech Outlook ဝက်ဘ်ဆိုက်ပေါ်မှာ ThinkPhone by Motorola နာမည်နဲ့ ဓါတ်ပုံတွေ တက်လာပါတယ်။ ပုံတွေအရ Motorola ရဲ့ ThinkPhone ဟာ Lenovo နဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ Flagship စမတ်ဖုန်းတစ်လုံး ဖြစ်မယ်လို့ ယူဆရပါတယ်။ Lenovo ဟာ Motorola ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး နာမည်ကျော် ThinkPad စီးရီး တက်ဘလက် ၊ လက်ပ်တော့နဲ့ PC ကွန်ပျူတာတွေ ထုတ်လုပ်နေတာပါ။




Photo: The Verge

Motorola ရဲ့ ထုတ်ကုန်မှာ Think နာမည်တပ်လိုက်တာဟာ Lenovo ရဲ့ ကာဗွန်ဖိုက်ဘာကာဗာစတိုင် ဘော်ဒီ ၊ Features ၊ Font စတိုင်နဲ့ သဘောတရားတွေ တပ်ဆင်လာမယ့်သဘောလို့ ယူဆရပါတယ်။ ပေါက်ကြားနေတဲ့ အချက်အလက်တွေအရ Motorola ThinkPhone ဟာ Flagship Chipset တစ်မျိုး ဖြစ်တဲ့ Snapdragon 8 Plus Gen 1 Chipset သုံးလာနိုင်ပြီး RAM 8GB/12GB နဲ့ Storage 512GB အထိ အသုံးပြုလာနိုင်ပါတယ်။ 

Screen အရွယ်အစား ၆.၆ လက်မဟာ 1800 x 2400p ရုပ်ထွက်ပါ OLED Panel သုံးပြီး ဒီ Display ဟာ 144Hz Refresh Rate နဲ့ HDR စနစ်တို့ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ မှန်ပြင်အပေါ်အလယ်တည့်တည့် ကင်မရာပေါက်ထဲမှာ 32MP ဆယ်လ်ဖီကင်မရာ တပ်ဆင်ထားပြီး ကျောဘက် စတုဂံပုံကင်မရာထဲမှာ 50MP Main ကင်မရာ ၊ 13MP Ultrawide နဲ့ 2MP Depth Sensor တို့ ထည့်သွင်းလာဖို့လည်း ရှိပါတယ်။ Lenovo လက်ပ်တော့ဟန်ပါဝင်ပေမယ့် ဘယ်လို Features တွေ အထောက်အပံ့ပေးသွားမလဲ မသိရသေးပါဘူး။

ThinkPhone ဟာ အသစ်ထွက်ထားတဲ့ Android 13 စနစ်နဲ့ လာနိုင်ပြီး ဘက်ထရီပါဝါ 5000mAh ၊ 68W Wired Fast Charging နဲ့ 15W Wireless Charging တို့ အသုံးပြုလာနိုင်ပါတယ်။ လောလောဆယ်အထိတော့ ဒီဖုန်းကို ဘယ်အချိန်မှာ ဈေးနှုန်းဘယ်လောက်နဲ့ ကြေညာမလဲ မပြောသေးသလို တရုတ်ဈေးကွက်ပြင်ပမှာရော ဖြန့်ချိသွားမလားဆိုတာ မကြားရသေးပါဘူး။ လာမယ့် ဇန်နဝါရီမှာ ကျင်းပဖို့ ရှိတဲ့ Consumer Electronics Show မှာ Motorola ThinkPhone ကို မိတ်ဆက်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က