ဈေးကွက်အာရုံစိုက်မှုသစ်တွေ လုပ်သွားမှာပါ

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း ဝင်ငွေသိသိသာသာ ထိခိုက်နေကြောင်း ပြောထားတဲ့ Mozilla ဟာ ဝန်ထမ်းအင်အား လေးပုံတစ်ပုံကို အလုပ်လျှော့ချလိုက်ပါတယ်။

ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းတဲ့အနေနဲ့ Mozilla ဟာ တိုင်ပေက လုပ်ငန်းလည်ပတ်မှုတွေကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ နှစ်ဆန်းပိုင်းကလည်း ဝန်ထမ်းဦးရေ ၇၀ ကို အလုပ်မှ ရပ်နားထားတယ်လို့ Tech Crunch သတင်းက ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်အထိ ကိန်းဂဏန်းတွေအရ Mozilla ဟာ တစ်ကမ္ဘာလုံးမှာ ဝန်ထမ်းဦးရေ ၁၀၀၀ ဝန်းကျင် ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။



Mozilla CEO မစ်ချဲဘက်ကာ (Photo: siliconangle)


"COVID-19 အကြို Plan တွေက အလုပ်မဖြစ်တော့ပါဘူး။ ကျွန်တော်တို့ဟာ ဝန်ထမ်းအင်အား လျှော့ချဖို့ အပါအဝင် လိုအပ်တဲ့ အပြောင်းအလဲတွေကို ဒီနှစ် နွေဦးကတည်းက လုပ်ဖို့ ပြောထားပါတယ်။ ဒီနေ့တော့ အဲ့ဒီအပြောင်းအလဲတွေ တကယ်ဖြစ်လာတာပါ။" လို့ ကုမ္ပဏီရဲ့ CEO မစ်ချဲလ် ဘက်ကာက ရုံးတွင်းပေးပို့တဲ့ အီးမေးလ်မှာ ပြောထားပါတယ်။

FireFox browser ကို ပိုင်ဆိုင်ထားတဲ့ Mozilla Corporation ဟာ ကုမ္ပဏီရဲ့ ဝင်ငွေအင်အား ခိုင်မာလာစေဖို့ ပစ်မှတ်သစ်တွေကို ဦးတည်သွားတော့မှာပါ။ ဒီထဲမှာ ပင်မ Browser စီးပွားရေးအားကောင်းဖို့ ဦးတည်မှုတွေ ၊ developer tools ၊ internal tooling နဲ့ ပလက်ဖောင်း feature ဖွံ့ဖြိုးမှုပိုင်းလို ကဏ္ဍတွေမှာ ရင်းနှီးမြှပ်နှံမှု လျှော့ချဖို့တွေ ပါဝင်နေပါတယ်။

Photo: Tech Crunch


Mozilla ဟာ လက်ရှိ ဝင်ငွေပိုရနေတဲ့ VPN Services သစ် ၊ VR Chatroom Hubs သစ်များ ၊ Web Assembly နဲ့ တစ်ခြား လုံခြုံရေးဆိုင်ရာ ထုတ်ကုန်များပေါ် အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ကပဲ Firefox အတွင်းကနေ VPN တစ်ခုကို တိုက်ရိုက်ရယူခွင့် ၊ သတင်းပိုင်း subscription စတဲ့ အခပေးဖောက်သည်ဝန်ဆောင်မှုတွေ ဖြန့်ချိထားပါတယ်။

Mozilla ရဲ့ ဝင်ငွေအများစုဟာ Firefox မှာ search engine တွေကို default ထားချင်တဲ့ ကုမ္ပဏီတွေဆီကနေ ရတာ ဖြစ်ပါတယ်။ Mozilla နဲ့ သဘောတူလက်တွဲနေတဲ့ Search Engine ကုမ္ပဏီတွေထဲမှာ တရုတ်မှ Baidu ၊ ရုရှားမှ Yandex နဲ့ အမေရိကန်မှ Google တို့လည်း ပါဝင်နေပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က