ဇယားထိပ်ဆုံးက ဖူလ်ဟမ်ကိုပါ အနိုင်ကန်ခဲ့တာပါ။

ချန်ပီယံရှစ်မှာ တန်းမဆင်းရဖို့အတွက် အသည်းအသန်ရုန်းကန်နေရတဲ့ ဝိန်းရွန်နီရဲ့ ဒါဘီကတော့ အမှတ်ပေးဇယားထိပ်ဆုံးက ဖူလ်ဟမ်ကို အိမ်ကွင်းမှာအနိုင်ကစားသွားခဲ့ပါတယ်။ ရမှတ် ၂၁မှတ်အထိ အလျှော့ခံထားရပြီး တန်းဆင်းဇုန်အထက်ကအသင်းနဲ့ ၉ မှတ်အထိပြတ်တောက်နေလို့ ကျန်ရစ်နေဖို့မလွယ်ကူပေမယ့် ရွန်နီကတော့ အသင်းကို ရသလောက်ဆွဲတင်ပေးနေတာဖြစ်ပါတယ်။ 

ဖူလ်ဟမ်အတွက်တော့ ဒီရှုံးပွဲက ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲ ဒုတိယနေရာက ဘုန်းမောက်ကို ၉ မှတ်အထိဖြတ်တောက်ထားနိုင်ဆဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့က သေချာနေပြီး ချန်ပီယံရှစ်ချန်ပီယံဘယ်အချိန်ဖြစ်လာမလဲဆိုတာကိုသာ စောင့်ဆိုင်းနေရတာဖြစ်ပြီး ဒါဘီအတွက်တော့ အဖိုးတန်နိုင်ပွဲဖြစ်ခဲ့ရပါတယ်။ 

လက်ကျန် ၄ ပွဲသာလိုအပ်တော့တာဖြစ်လို့ ဒါဘီတို့ရဲ့ မျှော်လင့်ချက်တွေက အရာမထင်ဖြစ်ဖို့က များနေခဲ့ပါပြီ။ အရေးကြီးတဲ့အချိန်တွေမှာ ဒါဘီက ရှုံးပွဲတွေရင်ဆိုင်ခဲ့ရပြီး နောက်ဆုံး ၇ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့ကာ ၁ ပွဲသရေကျခဲ့လို့ ရမှတ်တွေဆုံးရှုံးခဲ့ရပါတယ်။ ဖူလ်ဟမ်ကို အနိုင်ရခဲ့ပေမယ့် လက်ကျန်ပွဲအနေအထားနဲ့ ရမှတ်ပြတ်တောက်နေမှုတွေက သူတို့ကို လိဂ်-၁ ဆီ ရောက်ရှိစေဖို့ဖြစ်နေခဲ့ပါတယ်။ 


တန်းဆင်းဇုန်အထက်က ရီးဒင်းကတော့ နောက်ဆုံး ၆ ပွဲမှာ ၁ပွဲတည်းသာ ရှုံးနိမ့်ခဲ့ပြီး ၂ပွဲသရေကျကာ ၃ ပွဲအထိ အနိုင်ရခဲ့လို့ ဒါဘီနဲ့ အမှတ်ကွာဟချက်တွေကို ပိုမိုများပြားအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရွန်နီက အံ့ဖွယ်သရဲစွမ်းဆောင်နိုင်မလားဆိုကာ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေခဲ့ပေမယ့်လည်း ကစားသမားအင်အားနည်းပါးပြီး လူငယ်တွေကိုအားပြုနေရတဲ့နောက် ခြေစွမ်းယိမ်းယိုင်ပြီး ရလဒ်တွေပါ ဆိုးရွားခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က