ချယ်ရီသင်းကတော့ ငယ်စဉ်ကတည်းက ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့ မိသားစုဘဝအကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။ မပြည့်စုံတဲ့ မိသားစုဘဝလေးတွေကိုလည်း ကိုယ်ချင်းစာတယ်လို့ဆိုပါတယ်။
Photo: Cherry Thin
ချယ်ရီသင်းဟာ သူငယ်ငယ်ကတည်းက ရွှေပြည်သာမှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ထက်မပြည့်စုံတဲ့ မိသားစုဝင်တွေကိုလည်း ကိုယ်ချင်းစာစိတ်ထားတယ်လို့ ဆိုပါတယ်။ ဆင်းရဲတဲ့အပေါ်မှာ အားမငယ်ဖို့အတွက် Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။
Photo: Cherry Thin
ချယ်ရီသင်းဟာ အဆိုတော် ပိုပိုနဲ့အတူ အအေးဒဏ်ခံစားနေရတဲ့ ဆင်းရဲသားပြည်သူတွေအတွက် အလှူအတန်းတွေလုပ်ရင်း ပျော်နေတတ်သူတစ်ယောက်ပါ။ ရွှေပြည်သာမှာနေထိုင်တဲ့ မရှိဆင်းရဲသားတွေကိုလည်း လှူရတာ ပျော်တယ်လို့ဆိုပါတယ်။ ဆင်းရဲတဲ့ ဘဝကို ပိုင်ဆိုင်ထားသူတွေအတွက် ဝေဖန်စရာစကားရယ်လို့ မရှိတော့ဘူးလို့ သူကပြောပါတယ်။
“ ချယ်ရီကတော့ မဝေဖန်ဖူးဘူး ကိုယ်ချင်းစာတဲ့ စိတ်နဲ့ပဲကြည့်တယ်။ ဘယ်သူမှတော့ ဒီလိုမနေချင်ဘူးလေ။ ကောင်းကောင်းမွန်မွန်လေးပဲ နေချင်ကြတာဆိုတော့ မဝေဖန်တတ်ပါဘူး။ ချယ်ရီတို့ ငယ်ငယ်တုန်းကဆိုရင် မပြည့်စုံတာတော့မဟုတ်ဘူး နည်းနည်းခက်ခက်ခဲခဲ ရှိတဲ့ ဘဝက လာတာပေါ့နော်။ တအားကြီးတော့ မဟုတ်ဘူး” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ပိုပို့ရဲ့ အလှူမှာ ပါဝင်ကူညီရင်းဖြေဆိုခဲ့တာပါ။
Photo: Cherry Thin
ချယ်ရီသင်းကိုတော့ “ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အချစ်သီချင်းချိုချိုလေးကို သူမရဲ့ အသံစူးစူးအေးအေးလေးတွေနဲ့ ပေါင်းဖက်လိုက်တဲ့အခါမျိုးမှာတော့ သီချင်းကောင်းတစ်ပုဒ် ထွက်ပေါ်လို့ လာခဲ့တာပါ။ ဒီသီချင်းကိုတော့ တေးရေး Saw L Za က ရေးစပ်သီကုံးပေးထားတာဖြစ်ပါတယ်။ သူမဟာ ဂီတကို ဝါသနာပါသူဖြစ်သလို ဖခင်ဖြစ်သူကလည်း အဆိုတော်ကောင်းတစ်ယောက် ဖြစ်စေချင်ခဲ့တယ်လို့ ဆိုပါတယ်။