မနေ့က ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အင်တာမိုင်ယာမီပွဲကတော့ GOAT ကြီးနှစ်ဥိးကို မတူညီတဲ့ ပုံစံနဲ့ မြင်တွေ့ခဲ့ရတာပါပဲ။ ဒီပွဲကို ရော်နယ်ဒိုက ဒဏ်ရာကြောင့် ဝင်မကစားနိုင်ခဲ့သလို မက်ဆီကလည်း ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှ ဝင်ကစားတာမို့ သူတို့ရဲ့ အားပြိုင်မှုက ကွင်းအတွင်းမှာ မရှိခဲ့ပါဘူး။
ဒါပေမယ့်လည်း ကွင်းပြင်ပအားပြိုင်မှုမှာတော့ ရော်နယ်ဒိုက အသာာရခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အယ်လ်နာဆာက တဂိုးပြီးတဂိုးသွင်းယူကာ အင်တာမိုင်ယာမီကို ချေမှုန်းနိုင်ခဲ့ပြီး ပွဲကြည့်စင်ပေါ်မှာ ရော်နယ်ဒိုတယောက် အသင်းဖော်တွေရဲ့ ကစားဟန်အတွက် မကြာခဏဆိုသလို အောင်ပွဲခံနေခဲ့ရပါတယ်။
ဒီအချိန်မှာတော့ မက်ဆီက အရန်ခုံတန်းမှာ ထိုင်ကာ အသင်းရှုံးပွဲကို စိတ်ပျက်လက်ပျက်ကြည့်နေခဲ့ရပါတယ်။ တယ်လစ္စကာက အယ်လ်နာဆာအတွက် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ စူးဝီးအောင်ပွဲခံဟန်ကို လုပ်သွားခဲ့လို့လည်း မက်ဆီတယောက် ပိုပြီး စိတ်မသက်မသာဖြစ်နေခဲ့မှာ သေချာပါတယ်။
ရော်နယ်ဒိုမပါခဲ့ပေမယ့် အယ်လ်နာဆာက ခြေစွမ်းအပြတ်အသတ်အသာရခဲ့တာပါ။ မက်ဆီကတော့ လူစားဝင်လာချိန်မှာတောင် စိတ်မသက်မသာနဲ့ပဲ ဝင်ကစားခဲ့ပြီး သူလည်း ဘာမှမယ်မယ်ရရမလုပ်ပြနိုင်ခဲ့ပါဘူး။ အင်တာမိုင်ယာမီတို့ ခြေစမ်းပွဲတွေမှာ အခုထိနိုင်ပွဲမရခဲ့သလို ညကပွဲကလည်း အကြီးမားဆုံးရှုံးပွဲဖြစ်ခဲ့တာပါ။
အဆိုးဆိုးကတော့ ဆော်ဒီမှာကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ ရော်နယ်ဒိုက ကွင်းအတွင်းမရှိခဲ့ပေမယ့် သူ့ရဲ့ စူးဝီးအောင်ပွဲခံဟန်တွေရှိနေခဲ့တာပါ။ မက်ဆီတယောက် ရော်နယ်ဒိုနဲ့ မပြိုင်ဆိုင်ရပေမယ့်လည်း အရေးနိမ့်ခဲ့ရတဲ့ ခရီးစဉ်လို့ပဲ ဆိုရပါတော့မယ်။