ခြုံရှင်းလင်းရာကနေ ပျူခေတ်လက်ရာတွေ တွေ့ရှိခဲ့ရပါတယ်။

မြစ်သားမြို့နယ်မှာ ပျူခေတ်ဆင်းတုတော်ကိုးဆူ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-ပြည်ထဲရေး

မတ်လ၂၂ရက်နေ့က မြစ်သားမြို့နယ်၊ လောင်းတော်ဦးကျေးရွာ၊ လောကသရဖူတဝရွှေဂူ စေတီတော်ကုန်းမှာ လောင်းတော်ဦးကျေးရွာမှာနေသူ ဦးဆန်းဝင်းက ခြုံရှင်းလင်းရာကနေ ပျူခေတ်လက်ရာတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပျူခေတ်လက်ရာတွေဖြစ်တဲ့ ညဏ်တော် ၃ ပေခန့် ထိုင်တော်မူကျောက်ဆင်းတုတော် ၂ ဆူ၊ ဉာဏ်တော် ၁ ပေခန့် ရပ်တော်မူကြေးဆင်းတုတော် ၁ ဆူ၊ ဉာဏ်တော် ၂ ပေခန့် ထိုင်တော်မှုကြေးသွန်းဆင်းတုတော် ၂ ဆူ၊ ဉာဏ်တော် ၁ပေခွဲခန့် ထိုင်တော်မူကြေးသွန်းဆင်းတုတော် ၁ဆူ၊ ကျိုးပဲ့နေတဲ့ ဉာဏ်တော် ၁ ပေခန့် ရှိတဲ့ ကျောက်ဆင်းတုတော် ၃ ဆူကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငွေပုရပိုက် ၁ ခုကိုပါ တွေ့ရှိရတာကြောင့် လောကသရဖူ (၃၁)ဘုံစေတီတော် ကျောက်မဏ္ဍပ်အတွင်းမှာ ထိန်းသိမ်းထားရှိကာ အပူဇော်ခံထားပါတယ်။ ရှေးဟောင်းဆင်းတုတော်များတွေ့ရှိခဲ့တယ်ဆိုရင် ရှေးဟောင်းသုတေသနကို အပ်နှံနိုင်တာဖြစ်ပြီး သက်ဆိုင်ရာ ပြတိုက်တွေမှာ ပြသထားရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က