နယူးကာဆယ်ကို အရေးနိမ့်လို့ ဝင်ခွင့်ဆုံးရှုံးဖို့က သေချာသလောက်ဖြစ်သွားခဲ့ပါပြီ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးအကြီးဆုံးအချိန်ကို ရောက်လာခါမှ အာဆင်နယ်ကတော့ ဆက်တိုက်ရှုံးနိမ့်ပြီး စပါးကို အခွင့်အရေးပေးလိုက်ပြီဖြစ်ပါတယ်။ ညက ကစားခဲ့တဲ့ပွဲမှာလည်း နယူးကာဆယ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ကာ လက်ကျန်တပွဲသာလိုတော့ချိန်မှာ စပါးက ၂ မှတ်အသာနဲ့ အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

ဘန်၀ှိုက်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု၊ ဂွီမာရေ့စ်ရဲ့ သွင်းဂိုးတွေကြောင့် အမှတ်မလိုအပ်တော့တဲ့ ငှက်ကျားတို့ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာပါ။ အာတီတာရဲ့ အသင်းကတော့ နယူးကာဆယ်ကို ခြေစွမ်းချင်းမယှဉ်နိုင်ခဲ့ဘဲ ရှုံးပြီဆိုရင်ဆက်တိုက်ရှုံးနေတဲ့ အလေ့အထကိုလည်း မပြင်နိုင်ခဲ့ဘဲ သူတို့ရဲ့ မဟာမျှော်လင့်ချက်ကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိဖို့က မဖြစ်နိုင်သလောက်ရှိသွားခဲ့ပါတယ်။ 

တခါရှုံးရင် ၃ ပွဲလောက်ဆက်တိုက်ရှုံးတဲ့ အာဆင်နယ်ဟာ လေးပွဲဆက်တိုက်နိုင်ပြီးနောက်မှာ ၂ ပွဲဆက်တိုက်ပြန်ရှုံးခဲ့တာဖြစ်ပါတယ်။ အဆင့် ၄ နေရာအတွက် အေးအေးလူလူရယူနိုင်တော့မယ်လို့ ထင်မှတ်ထားချိန်မှာမှ မထင်မှတ်တဲ့ပွဲတွေကိုနိုင်ပြီး သေချာပေါက်နိုင်မယ်ထင်ရတဲ့ပွဲတွေကို ရှုံးနိမ့်နဲ့ ပရိသတ်တွေကို နားမလည်နိုင်အောင်ကို ဖြစ်စေခဲ့ပါတယ်။ 

နောက်ဆုံးပွဲစဉ်ကလည်း တန်းမဆင်းရဖို့ ရုန်းကန်ရမယ့် အဲဗာတန်နဲ့ဖြစ်လို့ လွယ်ကူမှာမဟုတ်တာသေချာပါတယ်။ တဖက်မှာ စပါးကတော့ တန်းဆင်းပြီးသား နော်ဝှစ်ချ်နဲ့ကစားရမှာဖြစ်တာကြောင့် အာဆင်နယ်ထက် အခွင့်အရေးပိုသာနေတာဖြစ်ပါတယ်။ ရမှတ်အားဖြင့်လည်း ၂ မှတ်အထိ အသာရထားလို့လည်း စပါးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသလောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က