ဖန်ဂရန်ရာဇီရေခဲတောင် တက်ရင်းပြုတ်ကျသေဆုံးခဲ့သူပါ။
ဖန်ဂရန်ရာဇီရေခဲတောင် တက်ရင်းပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်ရဲ့ အလောင်းကို ဒီနေ့ မေလ ၃၀ ရက်နေ့က ပူတာအိုမှာ မီးသဂြိုလ်ပေးခဲ့ပြီဖြစ်တယ်လို့ မစိမ့်ထက်ကို ရှာဖွေပေးခဲ့သူတွေဆီက သိရပါတယ်။

Photo - ဦးကျင်ဦး

မေလ ၁၈ ရက်ကစပြီး ဒေသခံ (၈) ယောက်အဖွဲ့ ဦးဆောင်ကာ ပျောက်ဆုံးသွားတဲ့ မစိမ့်ထက်ရဲ့ ခန္ဒာကိုယ်ကို ရှာဖွေခဲ့ရာ မေလ ၂၄ ရက်မှာ ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပြီး မေလ ၃၀ ရက်နေ့ မှာ မီးသဂြိုလ်ပေးခဲ့တယ်လို့ ကူညီရှာဖွေပေးခဲ့သူ ဆင်ချန်းဇိန်က သူ့ရဲ့ Facebook မှာရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက The Summiter တောင်တက်အဖွဲ့နဲ့အတူ ကချင်ပြည်နယ် ဖန်ဂရန်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ မစိမ့်ထက်ပါဝင်ခဲ့တာဖြစ်ပါတယ်။တောင်ထိပ်ရောက်ပြီး တောင်အောက်ကို ပြန်ဆင်းရာမတော်တဆ ခြေချော်ပြီး ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ်လို့ The Summiter တောင်တက်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Photo - Cin Chan Zeng Fb

မစိမ့်ထက်ရဲ့ အလောင်းကို ပထမအကြိမ်ရှာဖွေစဉ်က အလောင်းကို မတွေ့ရှိရဘဲ စုတ်ပြဲနေတဲ့ ဂျာကင်၊ မျက်မှန်နဲ့ အသုံးအဆောင်ပစ္စည်းအချို့ကိုသာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

မိသားစုဝင်တွေကနေ မစိမ့်ထက်ရဲ့ အလောင်းကို တွေ့ရှိပါက ငွေကျပ်သိန်း ၅၀ ပေးအပ်မည်လို့ ကြေညာပြီး ပြန်လည် ရှာဖွေမှု လုပ်ရာမှာ တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ မစိမ့်ထက်ခုလိုသေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဖခင်ဖြစ်သူကတော့ တရားဥပဒေအရ ဆက်သွားမယ်လို့ Duwun ကိုပြောဆိုထားပါတယ်။

Photo - Seint Htet Fb

Share

Loading Next Article...
က္က