အခုမတ်လ ၉ ရက်နေ့ကနေစပြီးတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြင်စိုင်းမြို့ဟောင်းအနီးက စိတ္တဂုတ္ထလိုဏ်ဂူအတွင်းမှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကို ထိန်းသိမ်းဖို့ လုပ်ဆောင်နေတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ- ရှေးဟောင်းသုတေသန

ကျွမ်းကျင်အမှုထမ်းတွေ ပါဝင်မယ့်အဖွဲ့က မတ်လ ၉ ရက်နေ့ကနေစပြီး ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ နံရံဆေးရေးပန်းချီတွေအနေနဲ့ နှစ်ကာလာကြာမြင့်တာ၊ မိုးရေစိမ့်ဝင်တာ၊ လူ၊ လင်းနို့၊ တောက်တဲ့နဲ့ အခြား အင်းဆက်တွေကြောင့် ဂူဝန်းကျင်တုန်ခါပြီး ကွာထွက်လာတဲ့ အင်္ဂတေတွေကို မူလအင်္ဂတေနဲ့ အနီးဆုံးဖန်တီးပြီးတော့ ကျောက်သားမျက်နှာပြင်နဲ့ အင်္ဂတေအလွှာကြား တွဲကပ်မှုကောင်းအောင် Grouting ထိုးသွင်းတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

မြေအင်္ဂတေပွတဲ့နေရာတွေမှာ ကြံ့ခိုင်ဆေးထိုးတာ၊ အနားသတ်ကြားသိပ်တာ၊ ဓာတုဆေးဝါးတွေနဲ့ သံမှိုတွေဖယ်ရှားတာ စတဲ့ အရေးပေါ်ပြုပြင်တာတွေကို လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နံရံဆေးရေးပန်းချီတွေကို တုန်ခါမှုကြောင့် ပျက်စီးမှုမဖြစ်စေရန် မူလကျောက်ထုတ်လုပ်တဲ့ ရွှေဥမင်တောင်အရှေ့ဘက် လုပ်ကွက်ကို နံရံပန်းချီရှိတဲ့ စိတ္တဂုတ္တလိုဏ်ဂူနဲ့ ပေ (၆၀၀၀) အကွာရှိ လုပ်ကွက်အသစ်နေရာကို ပြောင်းရွှေ့ထုတ်လုပ်ဖို့ကိုလည်း စက်မှုဝန်ကြီးဌာနနဲ့ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က