မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်ဖို့ တရုတ်သမ္မထံတောင်းဆိုထားတဲ့ ပို့်စ်တစ်ခုကိုရေးသားဖော်ပြခဲ့ပါတယ်။

One Championship ရဲ့မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်မလုပ်ပဲ သဘာဝအတိုင်းထားပေးဖို့ သူ့ရဲ့ တရားဝင်လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က မေခ-မလိခမြစ်ဆုံနေရာမှာ ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မယ့် လုပ်ငန်းကို ဆက်လက်မလုပ်ကိုင်ဖို့အတွက် မြန်မာပြည်သူအများစုက ဆန္ဒရှိကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ဆက်လက်မလုပ်ကိုင်ဖို့အတွက် မြန်မာ့သူရဲကောင်းအောင်လအန်ဆန်ကလည်း တောင်းဆိုလိုက်ပါပြီ။ ကချင်ပြည်နယ်ဖွား၊ မြန်မာ့ဂုဏ်ဆောင် MMA Fighter အောင်လအန်ဆန်ဟာ သောကြာနေ့ညပိုင်းက သူ့ရဲ့တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်ဖို့ တရုတ်သမ္မထံတောင်းဆိုထားတဲ့ ပို့်စ်တစ်ခုကို ရေးသားဖော်ပြခဲ့ပါတယ်။



အောင်လကရေးသားဖော်ပြချက်တွေထဲမှာ မြစ်ဆုံက သဘာဝတရားကပေးတဲ့လက်ဆောင်ဖြစ်ကြောင်း၊ တန်ဖိုးကြီးမားတဲ့ သဘာဝအလှတရားကို လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ခေါင်းစဉ်လောက်နဲ့ ကတိကဝတ်မပြုသင့်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့သမ္မတကြီးကို မြစ်ဆုံရေကာတာမဆောက်ဖို့တောင်းဆိုကြောင်း၊ နောက်မွေးဖွားမယ့်ကလေးတွေကြီးပြင်းချိန်အထိ မြစ်ဆုံအလှတရားကိုမြင်တွေ့စေချင်ကြောင်းအစရှိတာတွေပါဝင်ပါတယ်။

အောင်လအန်ဆန်ဟာ မွေးရပ်မြေ မြစ်ကြီးနားမှာလည်း လူမှုရေးပရဟိတလုပ်ငန်းတွေလုပ်ကိုင်လေ့ရှိသလို MMA သင်တန်းကျောင်းဖွင့်လှစ်ဖို့လည်း စီစဉ်ထားပါတယ်။ မြစ်ကြီးနားမြို့၊မနောကွင်းမှာလည်း အောင်လရဲ့အမှတ်တရရုပ်ထုဖွင့်လှစ်ပြီး မြို့ခံတွေက ဂုဏ်ပြုထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က