အသင်းဒါရိုက်တာနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာပါ။

အီဒင် ဟာဇက်ဟာ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက ဘာနေဗျူးမှာ ရုန်းကန်နေရတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေမယ့် တကယ်ပဲ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ခြေစွမ်းက ဘယ်လ်ဂျီယမ် ဒုတိယတန်းမှာ သွားကစားရတဲ့အထိ ကျဆင်းနေပြီလားလို့ မေးခွန်းထုတ်စရာတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ဘယ်လ်ဂျီယမ် ဒုတိယတန်းအသင်းဖြစ်တဲ့ KVC Westerlo အသင်းဆီကနေ ကမ်းလှမ်းခြင်းကို ခံခဲ့ရတာဖြစ်ပြီး KVC Westerlo ဟာ လက်ရှိ အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဦးဆောင်နေတာကြောင့် ဘယ်လ်ဂျီယမ်ပရိုလိဂ်ကို တန်းတက်နိုင်ဖို့ ကြိုးပမ်းနေပုံပေါ်တာဖြစ်ပါတယ်။ KVC Westerlo အသင်းရဲ့ အားကစားဒါရိုက်တာ ဟာဆန် ဆီတင်ကရာက ၎င်းနဲ့ ဘယ်လ်ဂျီယမ်လက်ရွေးစင်ကြယ်ပွင့် အီဒင် ဟာဇက်တို့ကြားက ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးကြောင့် ဒီ ထူးဆန်းတဲ့ အပြောင်းအရွှေ့ကောလာဟလတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။



Het Nieuwsblad နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆီတင်ကရာက "ကျွန်တော် ဟာဇက်ကို သူငယ်ချင်းတစ်ယောက်အဖြစ် ယူဆလို့ရနိုင်တယ်လို့ ထင်ပါတယ်။ သူ လိုင်လီမှာ ကစားခဲ့တဲ့အချိန်မှာ ကျွန်တော်သူနဲ့ ပထမဆုံး စဆုံတွေ့ခဲ့တယ်။ သူက တစ်နေ့ကျရင် ဖီနာဘာချီအတွက် ကစားပေးမယ်လို့ ကျွန်တော့်ကို ကတိပေးခဲ့ပါတယ်။ သူ့ကို KVC Westerlo ကို လာအောင် ခေါ်ဖို့က ပိုပြီးတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား ကြိုမသိနိုင်ပါဘူး။ သူ ဒီကို လာပြီး သူ့ကစားသမားဘဝကို အဆုံးသတ်ကောင်း အဆုံးသတ်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။ 

ဟာဇက်ဟာ ခြေစွမ်းဆိုးရွားနေပေမယ့်လည်း ဘယ်လ်ဂျီယမ်အသင်းအတွက် ဆက်လက် ကိုယ်စားပြု ကစားပေးနေဆဲဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်မှာတော့ နည်းပြ အန်ဆယ်လော့တီလက်အောက် ပွဲထွက်လူစာရင်းထဲမှာတောင် ပါဝင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဟာဇက်ဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲ အသင်းအတွက် ပါဝင်ကစားပေးထားပေမယ့် အခုအချိန်အထိ ဂိုးပေါက် ရှာမတွေ့သေးတာဖြစ်ပြီး အဲဒါက ချဲလ်ဆီးကြယ်ပွင့်ဟောင်းအနေနဲ့ တစ်ချိန်ချိန်မှာ ဘာနေဗျူးကို စွန့်ခွာဖို့အတွက် ကြိုးပမ်းသွားဖို့ လိုအပ်လိမ့်မယ်ဆိုတာ ရှင်းလင်းနေစေတဲ့အချက်ဖြစ်ပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးအသင်းအတွက် ၃၅၂ ပွဲမှာ သွင်းဂိုး ၁၁၀ နဲ့ ဂိုးဖန်တီးမှု ၉၂ ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင် ၁၀၃.၅ သန်းနဲ့ ပြောင်းရွှေ့ပြီးကတည်းက ၅၄ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ KVC Westerlo အသင်းကတော့ ဘယ်လ်ဂျီယမ်လက်ရွေးစင်ကြယ်ပွင့်အနေနဲ့ အိမ်ကို ပြန်တာက ၎င်းအတွက် အကောင်းဆုံး အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ခံစားနေရမလားဆိုပြီး မျှော်လင့်နေတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က