ခွဲစိတ်မှုပေါင်း ၁၁ ကြိမ်အထိ ပြုလုပ်ခဲ့ရပါတယ်။

ဂါလာတာစာရေးနောက်ခံလူ အိုမာအယ်လက်ဘ်ဒယ်လူယီဟာ မျက်လုံးကွယ်သွားခဲ့ရာကနေ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ပြန်လည်ပြီးစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တူရကီကလပ်အသင်းရဲ့ နောက်ခံလူဟာ ၂၀၂၀ ခုနှစ်၊ နှစ်သစ်ကူးနေ့မှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲမှုဖြစ်ပွားပြီး မတော်တဆထိခိုက်မိခဲ့ရာကနေ အမြင်အာရုံဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အဲဒီတုန်းကတော့ သူ့ရဲ့ကစားသမားဘ၀ပြီးဆုံးသွားပြီလို့ အားလုံးက ပြောဆိုနေခဲ့ကြပေမယ့် အကြိမ်ပေါင်းများစွာခွဲစိတ်ကုသမှုတွေပြုလုပ်ခဲ့အပြီးမှာတော့ ညာနောက်ခံလူဟာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂါလာတာစာရေးက ဂေါ့ဇ်တက်ပီကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ကပွဲမှာ သူ ပွဲထွက်ပါဝင်ကစားပေးနိုင်ခဲ့ပြီး အသင်းကလည်း အနိုင်ရရှိခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

သူဟာ ၁၃ လအတွင်းမှာ ခွဲစိတ်မှုပေါင်း ၁၁ ကြိမ်အထိ ပြုလုပ်ခဲ့ရတယ်လို့ သိရကာ သူ့ရဲ့နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်အပြီး ရက်ပေါင်း ၄၀၀ ကျော်အကြာမှာမှ ပထမဆုံးပွဲကို ပြန်လည်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ တော်တော်လေးရုန်းကန်ခဲ့ရတဲ့ ကာလတွေလို့လည်း ကစားသမားက BeIN Sports နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

"ကျနော့်မိသားစု၊ မန်နေဂျာ၊ ကလေးတွေနဲ့ ကျနော့်ကို ကူညီပေးခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်၊ ကျနော် ခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရပါတယ်၊ အရမ်းခက်ခဲတဲ့ ဒဏ်ရာပါ၊ အများကြီးရုန်းကန်ခဲ့ရတယ်၊ ကျနော် ကွင်းထဲကို ပြန်လာနိုင်ခဲ့ပြီးတော့ ကျနော်အချစ်ဆုံးအရာကို ပြန်လုပ်နိုင်ခဲ့တယ်၊ ကျနော့်အိပ်မက်တွေက ဒုတိယမြောက် အမှန်တကယ်ဖြစ်လာခဲ့တာပါ၊ ကျနော် ဘောလုံးကို ဒုတိယအကြိမ်ပြန်ကစားနိုင်တယ်လို့ ခံစားခဲ့ရပါတယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။ 

မီးလောင်ကျွမ်းမှုကြောင့် သူ့မျက်နှာနဲ့ မျက်လုံးတွေလောင်ကျွမ်းခဲ့ရပြီး အမြင်အာရုံဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ပွဲပြန်လည်ကစားချိန်မှာတော့ အထူးဖန်တီးထားတဲ့မျက်မှန်တပ်ဆင်ကစားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပြီး နော်ဝေနောက်ခံလူဟာ အမေရိကမှာ သွားရောက်ကုသမှုတွေခံယူခဲ့ရတာလို့ သိရပါတယ်။ 

Share

Loading Next Article...
က္က