မဟာဂန္ဓာရုံကျောင်းတိုက်က မန္တလေး အမရပူရမြို့နယ်အတွင်း တည်ရှိပါတယ်။

မန္တလေး အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ဝင်းအတွင်း နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်မိသားစုက မတည်လှူဒ ါန်းမှုနဲ့ ခင်းခဲ့တဲ့ နိုင်လွန်ကတ္တရာလမ်း ပြီးစီးခြင်းအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက် မနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်းကျင်းပပြုလုပ်ခဲ့ပါတယ်။



Photo - ပြည်ခိုင်ဖြိုးပါတီ (မန္တလေးတိုင်းဒေသကြီး)

ဒီအခမ်းအနားကို သမ္မတဟောင်းဦးသိန်းစိန်နဲ့အတူ ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်တွေဖြစ်ကြတဲ့ ဦးကျော်စန်းနဲ့ ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးနဲ့ ပါတီကော်မတီဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Photo - ပြည်ခိုင်ဖြိုးပါတီ (မန္တလေးတိုင်းဒေသကြီး)

အဆိုပါ နိုင်လွန်ကတ္တရာလမ်းဟာ လမ်းအကျယ် ၁၄ ပေ၊ လမ်းအရှည် ၁၀၀၆ ပေရှိပြီး လမ်းခင်းဖို့အတွက် သမ္မဟောင်းဦးသိန်းစိန်မိသားစုက အလှူငွေ ၁၅,၇၁၄,၁၇၁ ကျပ် ပါဝင်လှူဒါန်းခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး (အမရပူရမြို့နယ်ဥက္ကဌ) က ပြောပြခဲ့ပါတယ်။

Photo - ပြည်ခိုင်ဖြိုးပါတီ (မန္တလေးတိုင်းဒေသကြီး)

အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဣန္ဓောဘာသာဘိဝံသအမှူးရှိတဲ့ ဆရာတော်အရှင်သူမြတ်တွေကို လှူဖွယ်ဝတ္တုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး သီတင်းသုံး စာသင်စာချ သံဃာတော်အရှင်သူမြတ်တွေကိုလည်း အချိုရည်ဘူးတွေ ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က