ဒီရာသီမှာ ရမှတ်အများအပြားကွာဟပြီး ဖလားလက်လွှတ်ခဲ့ရပါတယ်။

လက်ရှိချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးဟာ လီဗာပူးလ်အသင်းရဲ့ အံ့မခန်းခြေစွမ်းတွေကြောင့် ဆုဖလားလက်လွှတ်ခဲ့ရပြီး လီဗာပူးလ်က နှစ်ပေါင်း ၃ဝအတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဖြစ်လာခဲ့ပါတယ်။ 


မန်စီးတီးကွင်းလယ်လူဂန်ဒိုဂန်က လာမယ့်ရာသီမှာ သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူသွားဖို့ ကြိုးစားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ လက်ရှိချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးဟာ လီဗာပူးလ်အသင်းရဲ့ အံ့မခန်းခြေစွမ်းတွေကြောင့် ဆုဖလားလက်လွှတ်ခဲ့ရပြီး လီဗာပူးလ်က နှစ်ပေါင်း ၃ဝအတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဖြစ်လာခဲ့ပါတယ်။ 

အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ၃နှစ်ဆက်တိုက်ရယူဖို့ မန်စီးတီးက အားထုတ်ခဲ့ပေမယ့် လီဗာပူးလ်ကိုတော့ ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ ကစားသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်ခင်မှာ ဂန်ဒိုဂန်ကို လီဗာပူးလ်ကို သတိပေးပြောဆိုခဲ့တာလည်းဖြစ်ပြီး လီဗာပူးလ်က ပိုမိုကောငး်မွန်တယ်ဆိုတာကိုလည်း လက်သင့်ခံတယ်လို့ ဆိုခဲ့ပါတယ်။ 

ဂျာမနီလက်ရွေးစင်က "ဒီအသင်းမှာ နောက်ရာသီလည်း ကျွန်တော်ဆက်ရှိနေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံပြန်ဖြစ်လာဖို့ တိုက်ပွဲဝင်သွားမှာပါ၊ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်၊ အသင်းရဲ့ပန်းတိုင်ပါ၊ သူတို့ကို စိန်ခေါ်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာဖြစ်ပြီး လုပ်နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်" 

"လီဗာပူးလ်က ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ၊ ဒီအတွက် သူတို့ရဲ့နိုင်ပွဲအတွက် ဂုဏ်ပြုပါတယ်၊ သူတို့က ဒီအောင်ပွဲနဲ့ထိုက်တန်ပါတယ်၊ ကိုယ့်ထက် သူများက သာသွားတယ်ဆိုရင် ဒါကို လက််ခံရမှာပါ၊ လက်မခံနို်င်စရာအကြောင်းမရှိပါဘူး၊ ကျွန်တော်တို့အမှားတွေကျူးလွန်မိခဲ့တယ်ဆိုတာလည်း သိပါတယ်၊ လာမယ့်ရသာီမှာ အကောင်းဆုံးဖြစ်လာအောင် ပြန်ကြိုးစားသွားမှာပါ" လို့ ဂန်ဒိုဂန်က ပြောဆိုခဲ့ပါတယ်။ 

လီဗာပူးလ်ကတော့ လက်ကျန် ၇ ပွဲအလိုမှာပဲ ဗိုလ်စွဲခဲ့တာဖြစ်ပြိး မန်စီးတီးကို ရမှတ် ၂၀ ကျော်ဖြတ်တောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ထိုက်ထိုက်တန်တန်နဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်နဲ့ ဒီနေ့မှာ မန်စီးတီးကို ရင်ဆိုင်ရမှာဖြစ်ကာ လက်ခုပ်တီးဂုဏ်ပြုမှုကိုလည်း ခံယူရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က