သမ္မတဒေါ်နယ်ထရန့် ထုတ်ပြန်ထားခဲ့တဲ့ မွတ်စလင်မ်နိုင်ငံအချို့မှ နိုင်ငံသားများအား အမေရိကန်သို့ ဝင်ရောက်ခွင့်ပိတ်ပင်တဲ့ အမိန့်ညွန်ကြားချက်ကို တရားရုံးချုပ်က ဇွန်လ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။
(သမ္မတထရန့်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကို ဝါရှင်တန်မှာ ဆန္ဒပြကြစဉ်)
(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်)
မွတ်စလင်မ်နိုင်ငံအချို့ကနေ လာရောက်သူတွေကို အမေရိကန်သို့ ဝင်ခွင့်မပြုမယ့် သမ္မတထရန်ရဲ့ အမိန့်ညွန်ကြားချက်ကို တရားရုံးအဆင့်ဆင့်မှာ အချေအတင် ကြားနာခဲ့ကြပြီးနောက် ယခုအခါမှာတော့ တရားရုံးချုပ် တရားသူကြီး ၉ ဦးအနက် ၅ ဦးက ထောက်ခံပြီး ၄ ဦးက ကန့်ကွက်မှုဖြင့် အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။သမ္မတထရန့်က ယမန်နှစ် စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ၎င်းရဲ့ ခရီးသွားခွင့်ပိတ်ပင်မှု အမိန့်ညွန်ကြားချက်ကို အောက်တရားရုံးတွေက လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ခဲ့ကြပါတယ်။
(တရားရုံးချုပ်ရဲ့ ဆုံးဖြတ်မှုကို ထရန့်က Twitter မှာ ရေးသားထားမှု)
ဟာဝိုင်အီနဲ့ အခြားပြည်နယ်နှစ်ခုမှာ သမ္မတထရန့်ရဲ့ အဆိုပါ အမိန့်ညွန်ကြားချက်နဲ့ ပတ်သက်ပြီး တရားရုံးကိုဦးတိုက်လျှောက်ထားမှုတွေလည်း ရှိခဲ့ပါတယ်။ယခုအခါမှာတော့ တရားရုံးချုပ်က အတည်ပြုလိုက်ပြီဖြစ်ရာ မွတ်စလင်မ်နိုင်ငံအချို့မှ လာရောက်သူတွေကို အမေရိကန်သို့ ဝင်ခွင့်မပေးတဲ့ သမ္မတထရန့်ရဲ့ အမိန့်ညွန်ကြားချက်အတိုင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
(တရားရုံးချုပ် တရားသူကြီး ၉ ဦးကို တွေ့ရစဉ်)
(တရားရုံးချုပ် တရားသူကြီးများ၏ မဲခွဲဆုံးဖြတ်မှု)
သမ္မတထရန့်က ယမန်နှစ် စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်ညွန်ကြားချက်အရ မွတ်စလင်မ်အများစုရှိရာ နိုင်ငံတွေဖြစ်တဲ့ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယားနဲ့ ယီမင်တို့မှ လာရောက်ကြသူတွေကို အမေရိကန်သို့ ဝင်ခွင့်မပေးရန် ပိတ်ပင်ထားမှာဖြစ်ပါတယ်။သမ္မထရန့်က တရားရုံံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးကြိုဆိုလိုက်ပြီး ၎င်းရဲ့ မူဝါဒဟာ အမေရိကန်အတွက် အကော်းဆုံးဖြစ်ကြောင်းနဲ့ ဥရောပနိုင်ငံတွေဟာ ဒုက္ခသည်အရေး မနိုင်ဝန်ထမ်းနေရကြောင်း ပြောခဲ့ပါတယ်။
(အမေရိကန်သို့ဝင်ရောက်ခွင့် ပိတ်ပင်မှုမှာ ပါဝင်နေသည့် မွတ်စလင်မ်နိုင်ငံများ)
ထရန့်ရဲ့ အမိန့်ညွန်ကြားချက်ကို ဥပဒေကြောင်းအရ အချေအတင် ကြားနာမှုတွေ ဆက်လက်ရှိနေမှာဖြစ်ပေမဲ့ အဆိုပါ အမိန့်ညွန်ကြားချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို ယခုနှစ် ဒီဇင်ဘာလမှစပြီး လုပ်ဆောင်နိုင်ကြောင်း တရားရုံးချုပ်က ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နယ်စပ် စစ်ဆေးမှုလုပ်ငန်းစဉ်
- အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာန (Customs and Border Protection - CBP) အရာရှိတွေရဲ့ စစ်ဆေးမှုခံယူရပါတယ်။
- မှန်ကန်ပြည့်စုံတဲ့ အမေရိကန်ဗီဇာ သို့မဟုတ် အာဏာပိုင်တွေက အမေရိကန်မှာနေထိုင်ရန် ခွင့်ပြုထုတ်ပေးထားတဲ့ 'Green Card' ရှိရပါတယ်။
- အမေရိကန်ကို မလာရောက်မီ ESTA (Electronic System for Travel Authorization) မှတစ်ဆင့် ဗီဇာခွင့်ပြုရန် လျှောက်ထားရပါတယ်။
- အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနက သတ်မှတ်ထားတဲ့ declartaion form များ ဖြည့်စွက်ရပါတယ်။
- လက်ဗွေနဲ့ ဓာတ်ပုံ မှတ်တမ်းတင်ရဖွယ်ရှိပါတယ်။
- CBP အရာရှိတွေက ခရီးဆောင်အိတ် သို့မဟုတ် ခရီးသည်နဲ့အတူပါရှိတဲ့ ပစ္စည်းတွေကို စစ်ဆေးပါတယ်။
- CBP က biometric နည်းပညာသုံးပြီး ခရီးသည်တွေကို မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးပါတယ်။
- နိုင်ငံအချို့မှ ခရီးသည်တွေဟာ အလိုအလျောက် နိုင်ငံကူးလက်မှတ်စနစ် (Automated Passport Control - APC) ကို အသုံးပြုနိုင်ပါတယ်။