မူးယစ်ဆေးဝါးအထူးသတင်းပေးတိုင်ကြားရေးဌာနကို ဇွန်လ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော အဲ့ဒီဌာနကနေ မူးယစ်ဆေးဝါးအမှုနဲ့ ပါတ်သတ်တဲ့လူပေါင်း ၆၈၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သမ္မတရုံးကနေ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
စတင်ဖွင့်လှစ်ခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ခြောက်လတာကာလအတွင်းမှာ အမှုပေါင်း (၄၃၈) မှုဖွင့်လှစ်အရေးယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အရေးယူထားတဲ့အမှုတွေအနက် တရားခံကျား(၅၇၆ )ဦး၊ မ (၁၁၀) ဦး၊ စုစုပေါင်း (၆၈၆)ဦးဖြစ်ပြီးတော့ ဘိန်းဖြူ( ၅၆၂၈ )ဂရမ်ကျော်၊ ICE (၂၅.၀၁)ဂရမ်၊ ဘိန်း( ၃၈၅၇၃ )ဂရမ်၊ဘိန်းစာမှုန့် (၁၂၂၆၃.၂၈)ဂရမ်၊ဘိန်းစာရွက်(၇၂၇၃.၉၉) ဂရမ်နဲပ စိတ်ကြွဆေးပြားပေါင်း (၂၀၅၃၀၉ )ပြား၊ဆေးခြောက် (၃၇၀၁.၀၃) ဂရမ်၊ဘိန်းရည်နဲ့ ဘိန်းဆီခဲတွေအပြင် ကျည်၉၁၉၄) တောင့်နဲ့ လက်ပစ်ဗုံး(၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားတာာဖြစ်ပါတယ်။
ပြည်သူကတင်မြှောက်တဲ့ အစိုးရသစ်လက်ထက်မှာ ဒုတိယအကြိမ်မြောက်သမ္မတအဖြစ်တာဝန်ထမ်းဆောင်တဲ့ သမ္မတဦးဝင်းမြင့်လက်ထက်မှာ မူးယစ်ဆေးဝါးနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ ပြောဆိုထားတာဖြစ်ပြီးတော့ မူးယစ်ဆေးဝါးနဲ့ပါတ်သတ်ပြီးတိုက်ရိုက်တိုင်ကြားနိုင်မယ့်ဌာနကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာပဲစတင်ဖွင့်လှစ်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။