မြန်မာနိုင်ငံထဲက ထူးခြားလှပတဲ့နေရာတွေ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ရိုးရာဓလေ့တွေနဲ့ သူတို့တွေရဲ့ဘဝနေထိုင်မှုပုံစံတွေ၊ နိုင်ငံတဝှမ်း ဒေသအစုံကသတင်းအကြောင်းအရာတွေ၊ လူမှုရေးအခြေအနေတွေကို စုံစုံလင်လင်သိရနိုင်ဖို့အတွက် Duwun ကနေ Duwun14 ဆိုတဲ့အစီအစဉ်ကို မိတ်ဆက်ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်။
Duwun14 ဆိုတာဘာလဲ
Duwun14 ဆိုတာကတော့ မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုကို လှည့်လည်သွားလာပြီး သတင်းအကြောင်းအရာတွေကိုရိုက်ကူးတင်ဆက်ပေးမယ့်အစီအစဉ်ပါ။ Duwun ကတော့ Duwun Media ကို ကိုယ်စားပြုပြီး 14 ကတော့ မြန်မာနိုင်ငံက ပြည်နယ်/တိုင်း ၁၄ခုကိုကိုယ်စားပြုပါတယ်။ Duwun14 ရဲ့ဆောင်ပုဒ် က Exploring the Diversity in Myanmar ဆိုတဲ့အတိုင်း နိုင်ငံတဝှမ်းက မတူကွဲပြားမှုတွေကို စူးစမ်းရှာဖွေပြီး ပရိသတ်တွေထံ အရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Duwun14 မှာဘာတွေမြင်ရမလဲ
နိုင်ငံအနှံ့အပြားက သဘာဝဖန်တီးမှုအလှတရားနဲ့ ပြီးပြည့်စုံတဲ့နေရာတွေ၊ ရှားပါးတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ကွဲပြားခြားနားတဲ့ ရိုးရာဓလေ့တွေ၊ နေထိုင်မှုပုံစံတွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ဒေသအသီးသီးက ဒေသခံတွေရဲ့ဘဝရပ်တည်မှု၊ စီးပွားရေး၊ လူမှုဘဝအခြေအနေတွေ၊ မြန်မာပြည်တဝှမ်းက ထင်ရှားလှပတဲ့နေရာဒေသတွေ၊ စွန့်စားခန်းခရီးစဉ်တွေအကြောင်းကို Duwun14 မှာမြင်ရမှာပါ။ ဒါ့အပြင် ဒေသအသီးသီးမှာ ဖြည့်ဆည်းဖို့လိုအပ်နေတဲ့ကွက်လပ်တွေ၊ ကူညီထောက်ပံ့မှုတွေ၊ ဒေသတိုးတက်ဖို့လိုအပ်နေတဲ့အရာတွေ၊ ဒေသခံတွေရဲ့စိန်ခေါ်မှုတွေ၊ တောင်းဆိုမှုတွေအတွက်လည်း ထောက်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်။
Duwun14 ရဲ့ရည်ရွယ်ချက်
နိုင်ငံတဝှမ်း ဒေသအသီးသီးက ပြည်သူတွေရဲ့ လူနေမှုဘဝပုံစံတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ စိန်ခေါ်မှုတွေကို တင်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံး စမတ်ဖုန်းပေါ်ကနေ နိုင်ငံဒေသအသီးသီးက အခြေအနေတွေအားလုံးကို သိရှိခံစားနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ စွန့်စားခရီးသွားရတာ ကြိုက်သူတွေအတွက်လဲ ပုံမှန်ထက်ပိုတဲ့ စွန့်စွန့်စားစား ခရီးစဉ်တွေအကြောင်း ရိုက်ကူးတင်ဆက်ပေးဦးမှာပါ။
Duwun14 ကို ဘယ်လိုကြည့်ရမလဲ
Duwun14 အစီအစဉ်ရဲ့ရုပ်သံအပိုင်းတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ည(၈)နာရီအချိန်တိုင်းမှာ တင်ဆက်ထုတ်လွှင့်ပေးသွားမှာပါ။ Duwun Media ရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ၊ ယူကျူ့စာမျက်နှာတွေအပြင် မကြာခင်အချိန်အတွင်း Duwun ဝက်ဘ်ဆိုက် မှာလည်း အထူးသီးသန့် အပိုင်းတွေကို ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ည ၈ နာရီအချိန်တိုင်း အပိုင်းအသစ်တွေကို လက်မလွတ်သွားစေဖို့ Duwun ဖေ့စ်ဘွတ်ကို See first လုပ်ထားဖို့ လိုပါမယ်။ Duwun ယူကျူ့မှာလည်း Subscribe ကိုနှိပ်ပြီး Notification ယူထားဖို့ လိုမှာ ဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်မှု
Duwun14 အစီအစဉ်က မြန်မာပြည်တဝှမ်းကို လှည့်လည်သွားလာပြီး ရိုက်ကူးတင်ဆက်ပေးတဲ့အစီအစဉ်ဖြစ်တာကြောင့် ရိုက်ကူးရေးအဖွဲ့သွားလာဖို့အတွက် လုံခြူံစိတ်ချရပြီး အန္တရာယ်ကင်းတဲ့သယ်ယူပို့ဆောင်ရေးလိုအပ်ပါတယ်။ ဒီအတွက် Ford Myanmar ကနေ Duwun14 နဲ့ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးထားပါတယ်။ စွန့်စားခန်းခရီးစဉ်တွေနဲ့ဝေးလံခေါင်ဖျားတဲ့ နေရာဒေသတွေကို သွားရောက်ရိုက်ကူးတဲ့အခါ Ford Everest လို အကြမ်းခံပြီး အင်ဂျင်အားကောင်းမွန်တဲ့ ကားအမျိုးအစားမျိုးနဲ့သာ အဆင်ပြေနိုင်မှာပါ။