နီနီခင်ဇော်ကလက်ရှိမှာ ‘’U’’ Album ရဲ့ MTV အတွက် ရိုက်ကူးရေးတွေ လုပ်နေပြီဖြစ်ပါတယ်။ ဒီအခွေလေးကြောင့် သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ ရက်ရွှေ့ထားတယ်လို့ ဆိုပါတယ်။
Photo: Ni Ni Khin Zaw
အဆိုတော် နီနီခင်ဇော်က ‘’U’’ Album အတွက် MTV တွေရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ သီချင်းအောင်မြင်ခဲ့စဉ်ကလို MTV အောင်မြင်တာကတော့ သူ့အတွက် ရှားတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။
‘’နီနီက MTVထက် သီချင်းကို ပိုအားကိုးတဲ့သူပါ။ အဲ့ဒီလို အနုပညာရှင်ဆိုတာကိုလည်း ပရိသတ်တော်တော်များများသိပါတယ်။ ဟိုးအရင်တုန်းကတည်းက သီချင်းအောင်မြင်ပြီးတော့မှပဲ MTV ကြီး အရမ်းအောင်မြင်တယ်ဆိုတာကတော့ ရှားတယ်။ နီနီ့ဘဝမှာလေ သီချင်းပဲအောင်မြင်တာက ပိုများတယ်’’ လို့ ဆိုပါတယ်။
Photo: Amazing Grace
MTV အပေါ် အရင်းအနှီးမထည့်တာကလည်း အကြောင်းအရင်းရှိတယ်လို့ နီနီခင်ဇော်က Cookie TV မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
‘’ အခုခေတ်ရောက်လာတဲ့အခါကျတော့ MTV ကို နီနီတို့က သိပ်ပြီးတော့လည်း အရင်းအနှီးအများကြီး မထည့်ဘူး။ အွန်လိုင်းမှာပဲ လူတွေက အကုန်လုံးကြည့်ကြတာဆိုတော့လေ ဒီအပေါ်မှာလည်း Income တစ်ခုရှိမှ ပရိုဂျူဆာလည်း အလုပ်လုပ်ရတာ အဆင်ပြေမှာပေါ့နော်။ Income မရှိဘူးဆိုရင်တော့ ဘယ်လောက်ပဲ နာမည်ကြီးတဲ့အဆိုတော်ဖြစ်ပါစေ။ သူတို့လည်း မခံနိုင်ဘူးပေါ့နော်’’ လို့ ပြောပြလာပါတယ်။
Photo: Ni Ni Khin Zaw
၂၀၁၉ ခုနှစ်မှာတော့ နီနီခင်ဇော်ရဲ့ ‘’U’’ MTV အခွေလေးက ပရိသတ်လက်ထဲကို ရောက်ရှိလာမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်လေ့ရှိတဲ့ နီနီက ဒီနှစ်မှာတော့ ဖျော်ဖြေပွဲကို ရက်ရွှေ့ထားတယ်လို့ ဆိုပါတယ်။
‘’ နီနီ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲကတော့ ကြိုးစားနေတုန်းပေါ့ ပွင့်လင်းရာသီမှပဲ ပြန်လုပ်ဖြစ်လိမ့်မယ်။ ပုံမှန်ဆို နီနီ ၃ လပိုင်းဆိုလုပ်တယ်။ ဒီတစ်ခေါက်ကတော့ နီနီ အခွေကို စောင့်မှာဖြစ်တဲ့အတွက် ၁၀လပိုင်းလောက်မှ လုပ်ဖြစ်မယ်ထင်တယ်။ အခွေကတော့ ၅ လပိုင်းလောက်ထွက်မယ်’’ လို့ သူကဆိုပါတယ်။
Photo: Ni NI Khin Zaw
နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလို သူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။