Amazon တည်ထောင်သူထက် ဆယ်ဆနီးပါး သုံးထားတာပါ

လစာအနေနဲ့တစ်နှစ်ကို ၁ ဒေါ်လာပဲ ယူထားတဲ့ CEO တစ်ယောက်အတွက် Facebook ရဲ့ နေ့စဉ် အသုံးစရိတ်ဟာ ဒေါ်လာ ၂၇၀၀၀ (အနည်းဆုံး မြန်မာငွေ သိန်းပေါင်း ၃၈၀ ကျော်) ရှိပါတယ်။

markzuckerberg5billion-em-860273932.jpg

photo: Times

 

မကြာသေးခင်က Facebook ကုမ္ပဏီဟာ မတ်ခ်ဇူကာဘတ်နဲ့သူ့မိသားစု လုံခြုံရေးအတွက် နှစ်စဉ် ဒေါ်လာ ၁၀ သန်း သုံးသွားမယ်လို့အတည်ပြုလိုက်ပါတယ်။ ဒါဟာ CEO  တစ်ဦး ၊ ကုမ္ပဏီ တည်ထောင်သူတစ်ဦးအတွက် စံချိန်တင် အမြင့်ဆုံးကိုယ်ရေးကိုယ်တာ လုံခြုံရေးဘတ်ဂျက်လည်း ဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်က မတ်ခ်ဇူကာဘတ်ခ်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် Facebook ဟာ ဒေါ်လာ ၄.၉ သန်း နဲ့ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၇.၃ သန်း သုံးစွဲခဲ့ပြီး ၂၀၁၈ မှာတော့ ဒေါ်လာ ၁၀ သန်းအထိ စံချိန်တင် သုံးစွဲသွားမှာပါ။ ဒီရန်ပုံငွေ ဘတ်ဂျက်ကို ဇူကာဘတ်နဲ့မိသားစုဝင်များရဲ့ လုံခြုံရေးပိုင်း ၊ နေမှုထိုင်မှုပိုင်း ပိုကောင်းအောင် အဆင့်မြင့်တင်တာနဲ့ခရီးသွားဖို့အတွက် သီးသန့်လေယာဉ်သုံးတာလည်း ပါဝင်မယ်လို့ဆိုပါတယ်။

ဒါဟာ နည်းပညာနယ်ပယ်က CEO များအပြင် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီများရဲ့ CEO များအတွက် ကာကွယ်ရေးမှာ အကြီးဆုံး အသုံးစရိတ်လည်း ဖြစ်ပါတယ်။ Apple ရဲ့ CEO တင်မ်ကွတ်ရဲ့ လုံခြုံရေးဘတ်ဂျက်ကတော့ ၂၀၁၇ ခုနှစ်အတွင်း ဒေါ်လာ ၂၂၄၀၀၀ ပဲ ရှိခဲ့ပါတယ်။ ဒေါ်လာထရီလီယမ်တန် Amazon သူဌေး နဲ့ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ဂျက်ဖ်ဘီဇော့စ်တောင် တစ်နှစ်လုံးနေမှ လုံခြုံရေးအတွက် ဒေါ်လာ ၁.၆ သန်းပဲ သုံးတာပါ။

အများပိုင် ဖြစ်ပြီးနောက် ၂၀၁၃ ကနေ လက်ရှိအချိန်အထိ ဇူကာဘတ်ခ်ရဲ့ အခြေခံလစာဟာ ၁ ဒေါ်လာပဲ ရှိပြီး သူ့ရဲ့ ကြွယ်ဝမှုဟာ Facebook ရှယ်ယာတွေပေါ် မူတည်နေတာပါ။ Facebook ရှယ်ယာဈေး ၁၉% ထိုးကျပြီးနောက် ဇူကာဘတ်လည်း ဒေါ်လာ ၁၅.၉ ဘီလျံ ဆုံးရှုံးခဲ့ပြီး ကမ္ဘာ့တတိယအချမ်းသာဆုံးနေရာကနေ ဆဌမအချမ်းသာဆုံး နေရာကို ဆင်းပေးထားရပါတယ်။

၂၀၁၈ မေလလယ်က စစ်တမ်းတစ်ခုအရ မတ်ခ်ဇူကာဘတ်ဟာ တစ်ရက်ကို ပျမ်းမျှ ဒေါ်လာ ၆.၈ သန်း ဝင်နေပြီး အသက်အငယ်ဆုံးနဲ့ဝင်ငွေ အကောင်းဆုံး ဘီလျံနာအဖြစ် ရပ်တည်ခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဘီလ်ဂိတ်စ်ရဲ့ ဒီနေ့အချိန် တစ်နေ့ဝင်ငွေဟာ ပျမ်းမျှ ဒေါ်လာ ၄ သန်း နဲ့အသက် ၈၇ နှစ်အရွယ် ဝါရင်းဘတ်ဖတ်ကတော့ တစ်နေ့ကို ဒေါ်လာ ၂.၇ သန်း ရှိတယ်လို့ဆိုပါတယ်။

photo: Business Insider

 

ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ မတ်ခ်ဇူကာဘတ်ခ်ဟာ လက်ရှိမှာ ကုမ္ပဏီရှယ်ယာဈေး ကျဆင်းမှုကြောင့် ရှယ်ယာရှင်များရဲ့ တရားစွဲမှုနဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။

 

Share

Loading Next Article...
က္က