မူရာရဲ့ ကာရိုက်တာအကြောင်းပြောပြလာပါတယ်။

သက်မွန်မြင့် ခံယူထားတဲ့ အချစ်ကတော့ ချည် ရုပ်ရှင်ကားကြီးထဲက ရွှေသမီးလို အချစ်မျိုးပါတဲ့။ သူမကလည်း မူရာ လိုချစ်မယ့်လူ မဖြစ်နိုင်ဘူးတဲ့။

သက်မွန်မြင့်ကတော့ ချည်ဇာတ်ကားထဲက မူရာ လိုမျိုး သဘောထားကြီးလို့ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ကိုယ်တိုင်က နားလည်ပေးရမှာထက် အနိုင်ယူချင်တာက ပိုများတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ ကိုယ့်ရဲ့အချစ်က ရွှေသမီးလိုဖြစ်မယ်ထင်တယ်။ သူက အချစ်တော့ခံချင်တယ်။ မူရာလောက်တော့ အချစ်ခံနိုင်ပါ့မလား မသိဘူး။ ကိုယ်က ကလေးဆိုးပဲလုပ်ချင်တယ်။ ကိုယ်က အနိုင်ယူချင်စိတ် ပိုများတယ်။ ကိုစစ်က ပိုပြီးတော့ သည်းခံရတယ်။ အချိန်တွေပြောင်းသွားတာနဲ့အမျှ ခံစားချက်ကတော့ မတူတော့ဘူးပေါ့နော်။ မူရာရဲ့ ချစ်ခြင်းမေတ္တာကိုတော့ လေးစားတယ်” လို့ ဆိုပါတယ်။

ချည် ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတုန်းက လက်မခံခဲ့ဘူးလို့ဆိုပါတယ်။ ကာရိုက်တာအရ အံဝင်ဂွင်ကျဖြစ်မယ့်သူတစ်ယောက်မို့ ထုတ်လုပ်ရေးတွေက ရိုက်ဖို့ပြောလို့ ရိုက်ခဲ့ရတာပါတဲ့။ 

“ဒီဇာတ်ကားရိုက်ဖို့ စပြီးတော့ ကမ်းလှမ်းတုန်းက ပါးတယ်ပေါ့နော် သိပ်ပြီးတော့လည်း လုပ်စရာမရှိဘူးဆိုတော့ မရိုက်တော့ဘူးတောင် လုပ်သေးတာ။ အဲဒီတုန်းက အခန်းစဉ်လေးတွေပဲ သိရတာလေ။ စကားလုံးတွေဆိုတာလည်း ရိုက်ရင်းနဲ့ သိရတာဆိုတော့ ထုတ်လုပ်သူတွေကလည်း ဒီကာရိုက်တာက သက်မွန်လုပ်ရမယ့် နေရာဖြစ်နေတယ် ရိုက်ပါပေါ့။ ကိုနေတိုးနဲ့ကလည်း Chemistry မမိသေးဘူး” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ညက ချည်ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

လိုအပ်တဲ့ ဇာတ်ကောင်စရိုက်တွေ၊ Mood တွေကိုလည်း ဒါရိုက်တာက သင်ပေးတဲ့အတိုင်း အကောင်းဆုံး ကြိုးစားခွင့်ရခဲ့တယ်လို့ သက်မွန်မြင့်က ပြောပါတယ်။ ချည်ရုပ်ရှင်ကားကြီးကိုတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။

“ဇာတ်ကောင်အရ ၁၀ နှစ်သမီးတောင်ရနေပြီဆိုတော့ သံယောဇဉ်က အရမ်းကြီးနေပြီ။ Pre Ending ရိုက်တဲ့ အချိန်မှာလည်း Chemistry မမိသေးတော့ သူ့ကို မလွမ်းဘူးဖြစ်နေတယ်။ ဒါပေမယ့် ဦးညီက မျက်လုံးအရမ်းမာနေတယ် မလျှော့ဘူးဆိုတော့ ဦးညီကိုအရမ်းကျေးဇူးတင်တယ်။ သက်မွန်ရဲ့ အနုပညာအရည်အချင်းကို ညှစ်ထုတ်ပေးတဲ့အတွက် ပိုကျေးဇူးတင်တယ်” လို့ သူကဆိုပါတယ်။

photo:chi

သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က