ရော်နယ်ဒိုအပေါ် စွပ်စွဲချက်တွေကို အမေရိကန်တရားရုံးက ပယ်ချလိုက်တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအပေါ် မာယော်ဂါက စွပ်စွဲထားတဲ့မုဒိမ်းမှုကို အမေရိကန်တရားရုံးက ပယ်ချလိုက်ပြီဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ (၂၀၀၉) ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝအစပိုင်းက ဖြစ်ရပ်ဖြစ်ပြီး မာယော်ဂါက တကျော့ပြန်အစဖော် တိုင်ကြားခဲ့တာပါ။ ရော်နယ်ဒိုဟာ ဒီမတိုင်ခင်တည်းက မာယော်ဂါကို ပေါင် (၃) သိန်းဝန်းကျင် နစ်နာကြေးပေးခဲ့ပါတယ်။



ဒါပေမယ့် မာယော်ဂါက နှစ်တွေအကြာမှာ ရော်နယ်ဒိုဆီက အခုထက် နစ်နာကြေး ပိုမိုရရှိလိုတယ်ဆိုပြီး တရားစွဲခဲ့တာဖြစ်ပြီး လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့ဘက်ကလည်း အမှုဖွင့်စုံစမ်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လတ်စ်ဗီးဂတ်စ်က ဟိုတယ်ခန်းထဲမှာ သူ့ကို မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်လို့ မာယော်ဂါက တိုင်ကြားခဲ့တာပါ။

ဒါပေမယ့် သူတင်ပြတဲ့ သက်သေတွေက အကျိုးအကြောင်းခိုင်မာမှုမရှိခဲ့သလို လျှို့ဝှက်စာရွက်စာတမ်းတွေကို ခိုးယူအသုံးပြုခဲ့မှုတွေကြောင့် အမေရိကန်က ခရိုင်တရားသူကြီး ဂျနီဖာဒေါ်စီက ဒီအမှုကို လုံးဝပယ်ချလိုက်တာဖြစ်ပါတယ်။ လျှို့ဝှက်စာရွက်စာတမ်းတွေဟာ ရော်နယ်ဒိုနဲ့သူ့ရဲ့ရှေ့နေအဖွဲ့အကြား ဆက်သွယ်မှုတွေကို ကြားဖြတ်ရယူထားတာပါ။

ဒီအတွက် ပြီးခဲ့တဲ့ အောက်တိုဘာမှာလည်း တရားသူကြီး ဒန်နီယဲယ်အယ်လ်ဘရက်ကလည်း မာယော်ဂါရဲ့ရှေ့နေ စတိုဗယ်လ်ကို ပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။ ရော်နယ်ဒိုရဲ့ရှေ့နေတွေဘက်က နှစ်ဦးကြား လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ကိစ္စအပေါ် ငြင်းဆန်ခြင်းမရှိခဲ့ပေမယ့် နှစ်ဦးသဘောတူသာဖြစ်ကြောင်း၊ မုဒိမ်းမှုမဟုတ်ကြောင်း အခိုင်အမာငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉) က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုတြုခခိုးင်းခိုင်မာမှုမရှိခဲ့သလို လျော်ပြဖို့ ထိုက်တန်တအတွင်း ရော်နယ်ဒိုက သူ့အနေနဲ့ ဒီလိုမျိုးစွပ်စွဲခံရတဲ့အတွက် အရမ်းကို ထိတ်လန့်မိတယ်လို့ ပြောကြားထားပြီး အခုချိန်မှာတော့ အမေရိကန်တရားရုံးဘက်ကနေ အမှုကို လုံးဝပယ်ချလိုက်တာပဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ နေးရှင်းလိဂ်ပွဲစဥ်တွေအတွက် ပေါ်တူဂီနဲ့ ပူးပေါင်းလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က