ယူရို ယူ-၂၁ မှာ ခြေစွမ်းပြနေတာပါ။

ချဲလ်ဆီးပရိသတ်တွေဟာ လက်ရှိကျင်းပနေတဲ့ ယူ-၂၁ ယူရိုပြိုင်ပွဲမှာ ယူကရိန်း ယူ-၂၁ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အသင်းရဲ့ တိုက်စစ်ကစားသမား မူဒရစ်ခ်ကို ရော်နယ်ဒင်ဟိုနဲ့ နှိုင်းယှဥ် ချီးကျူးလျက်ရှိပါတယ်။ လက်ရှိအချိန်မှာ မူဒရစ်ခ်ရဲ့အသင်းက ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်အထိ ရောက်ရှိနေပါပြီ။



ဒီလိုမျိုး ယူကရိန်းတို့ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့တဲ့နေရာမှာ မူဒရစ်ခ်ရဲ့ စွမ်းဆောင်မှုတွေက အရေးကြီးတဲ့နေရာမှာ ရှိနေပြီး ပြင်သစ် ယူ-၂၁ ကို အနိုင်ယူခဲ့တဲ့ ကွာတားဖိုင်နယ်မှာ မူဒရစ်ခ်က တော်တော်‌လေး ခြေစွမ်းပြနိုင်ခဲ့တာပါ။ မူဒရစ်ခ်ဟာ အသင်းရရှိခဲ့တဲ့ သွင်းဂိုးတစ်ဂိုးအတွက် လှလှပပ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။


ဒီပွဲမှာ ယူကရိန်း ယူ-၂၁ က ပြင်သစ် ယူ-၂၁ ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မူဒရစ်ခ်ရဲ့ ဖန်တီးပေးပို့မှုကိုလည်း ချဲလ်ဆီးပရိသတ်တွေက တော်တော်လေး နှစ်သက်သဘောကျနေပြီး သူတို့ရဲ့ ကစားသမားကို ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုနဲ့ နှိုင်းယှဥ် ချီးကျူးလျက်ရှိပါတယ်။

ဒီတစ်ပွဲတည်းမှာပဲ မူဒရစ်ခ်က ပုံစံတူ ဖန်တီးမှုမျိုးကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ပြနိုင်ခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ ဂိုးအဖြစ် ပြောင်းလဲသွားခဲ့ခြင်း မရှိပါဘူး။ ယူကရိန်း ယူ-၂၁ ဟာ ဆီမီးဖိုင်နယ်မှာတော့ စပိန် ယူ-၂၁ နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရှိခဲ့မယ်ဆိုရင် ဗိုလ်လုပွဲမှာ အင်္ဂလန် ယူ-၂၁ နဲ့ အစ္စရေး ယူ-၂၁ တို့အနက် အနိုင်ရရှိတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူကရိန်းဟာ လက်ရှိအချိန်မှာ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် စစ်ဘေးဒဏ်သင့်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရဲ့ ဘောလုံး ယူ-၂၁ အသင်းက ဒီလိုမျိုး ခက်ခဲနေတဲ့အချိန်မှာတောင် အကောင်းဆုံးပုံစံ၊ စွမ်းဆောင်ရည်တွေကို ပြသနေပြီး ယူ-၂၁ ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာကြောင့် ပရိသတ်တွေက ယူကရိန်းလူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေး ချီးမွမ်းထောပနာပြုနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က