စိတ်မကောင်းဖြစ်လို့နေပါတယ်။

ထောင်ဒဏ် ၁၇ နှစ်ကျခဲ့ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်အတွက် အနုပညာအစ်မတစ်ဦးဖြစ်သူ ဆုပန်ထွာက စိတ်မကောင်းဖြစ်လို့ နေပါတယ်. သူတို့ မောင်နှမတွေဟာ ဗီဒီယို ဇာတ်ကား ပေါင်းများစွာမှာလည်း အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတွေဖြစ်ပါတယ်.

Photo: ဆုပန်ထွာ

သရုပ်ဆောင် ဆုပန်ထွာဟာ အနုပညာမောင်နှမဖြစ်သူ မိုးအောင်ရင် အတွက် အားပေးစကားပြောပြထားတာ တွေ့ရပါတယ်. မိုးအောင်ရင်ဟာ လက်ရှိမှာ မူးယစ်ဆေးဝါးသုံးစွဲမှု နဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်. ဒီ့အတွက်လည်း ဆုပန်ထွာက စိတ်မကောင်းဖြစ်လို့နေပါတယ်.

'' အမှန်တရားဆိုတာ ဘယ်တော့မှဖုံးထားလို့မရဘူး။ သိပ်ကြိုက်တယ် အဲဒီ့ "အမှန်တရား" ဆိုတာကြီးကို ! Fighting Moe Aung Yin'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် မိုးအောင်ရင်ကို ချစ်တဲ့ ပရိသတ်. ဆုပန်ထွာကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း အားပေး ထောက်ခံစကားတွေကို Comment ကနေ ပြောပြထားတာ တွေ့ရပါတယ်.

Photo: မိုးအောင်ရင်

မိုးအောင်ရင်ကို နိုဝင်ဘာ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးကနေ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု ပုဒ်မ ၁၅၊ ၁၆ (ဂ) အရ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ အမိန့်ချထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉ (က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေခဲ့တာဖြစ်ပါတယ်.

Photo: မိုးအောင်ရင်

ဆုပန်ထွာနဲ့ မိုးအောင်ရင်တို့ဟာ ဗီဒီယိုဇာတ်ကားတွေ အောင်မြင်နေတဲ့အချိန်တုန်းက ဗီဒီယိုဇာတ်ကားပေါင်းများစွာကို အတူတွဲရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်. အနုပညာမောင်နှမတွေ ဖြစ်တာကြောင့်လည်း ဇာတ်ကားထဲမှာသာမက ရိုက်ကွင်းပေါ်မှာလည်း တစ်ရင်းတနှီးနဲ့ ပျော်ပျော်ပါးပါး နေခဲ့ကြသူတွေဖြစ်ပါတယ်. ဆုပန်ထွာကလည်း စီနီယာ တစ်ယောက်ဖြစ်တဲ့အတွက် မောင်လေး မိုးအောင်ရင်အပေါ် ဖေးမကူညီမှုတွေ ရှိခဲ့ဖူးပါသေးတယ်.


ဆုပန်ထွာက လက်ရှိမှာတော့ ချစ်ရတဲ့ ခင်ပွန်း ဥက္ကာကျော်နဲ့ အတူ ချစ်စရာကောင်းတဲ့ သားလေး Roar Roar Kyaw တို့ကို ပိုင်ဆိုင်ထားတဲ့ ဇနီးကောင်းတစ်ယောက်. မိခင်ကောင်း တစ်ယောက်ဖြစ်ပါတယ်. အနုပညာအလုပ်တွေ ဆောင်ရွက်နေတဲ့ ကြားက မိသားစုအပေါ်လည်း အချိန်ပေးဖြစ်သလို ဘာသာရေးတွေ. ကုသိုလ်ရေးတွေမှာလည်း စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်တက်သူ တစ်ဦးဖြစ်ပါတယ်.

Share

Loading Next Article...
က္က