စိတ်မကောင်းဖြစ်လို့နေပါတယ်။

သူငယ်ချင်းဖြစ်သူ မိုးအောင်ရင်အတွက် အေးမြတ်သူက အားပေးစကားပြောပြလာပါတယ်. ထောင်ဒဏ် ၁၇ နှစ် ကျခံခဲ့တာကြောင့်လည်း အရမ်းကို စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်.

Photo: Amazing Grace



အေးမြတ်သူက သူငယ်ချင်းဖြစ်သူ မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်. အလုပ်နဲ့ ထောင်ဒဏ် ၁၇ နှစ်ကျခဲ့ရအနေအထားကို ဥပမာထားပြီး နောင်ကို ဆင်ခြင်သွားစေချင်တဲ့ အကြောင်းတွေကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်.

'' တစ်ခါတလေကျရင် လူတွေဟာ ကိုယ့်အမှားတစ်ခုအတွက် ကိုယ်ပေးဆပ်ရတာ တန်ရဲ့လားလို့ ပဲ အေးမြတ်သူ ပြန်စဉ်းစားပါတယ်. မှားတဲ့သူကို ဥပမာယူပြီးတော့ ကိုယ့်အလှည့်ကျရင် မမှားရအောင် ပေးဆပ်မှုတွေနဲ့ မမျှတဲ့ ဝန်ကြီး ထမ်းရမှာ စိတ်မကောင်းတော့ နောင်ကိုလည်း ဆင်ခြင်စေချင်ပါတယ်. သူ့အတွက် လည်း စိတ်မကောင်းဘူး ကိုယ့်ရဲ့ အချိန်ကောင်းတွေကို ဆုံးရှုံးသွားရမှာဖြစ်တဲ့အတွက် သူငယ်ချင်းတစ်ယောက်အနေနဲ့ စိတ်မကောင်းအရမ်းဖြစ်မိပါတယ်''

Photo: မိုးအောင်ရင်

အေးမြတ်သူက အနုပညာအလုပ်တွေ အတူတူ တွဲလုပ်ဖြစ်ခဲ့တဲ့ သူငယ်ချင်း မိုးအောင်ရင်အတွက် အားပေးစကားပြောပြလာပါတယ်. အဲ့ဒီနောက် ပိုပြီးတော့လည်း ရင့်ကျက်စေချင်တယ်လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကားဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ

'' စိတ်ဓာတ်ကြံ့ခိုင်ပါ. ဒါပေမယ့် သူကလည်း စိတ်ဓာတ်ကြံ့ခိုင်မယ့် လူမျိုးပါ. သူ အထဲမှာနေတဲ့အခါ စာတွေလည်း အများကြီးဖတ်တယ်လို့ ကြားပါတယ်. ကျန်းမာရေးလည်း လိုက်စားတယ်လို့ ကြားရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်. ဘဝမှာ အမြဲတမ်း တိုက်ပွဲတွေက တိုက်နေရမှာ အခုက သူ့ကိုယ်သူ ပြန်ပြီး တိုက်ရမယ့် အချိန်မျိုးဖြစ်နေပါပြီ. သူ့ကိုပိုပြီးတော့ ရင့်ကျက်စေချင်ပါတယ် ကိုယ့်ကိုယ်ကို ပြန်တိုက်တာ နိုင်ပါစေ'' လို့ ဆုတောင်းစကားဆိုခဲ့ပါတယ်.

Photo: အေးမြတ်သူ

မိုးအောင်ရင်ကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇၀/၁၆ ဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ က ပုဇွန်တောင် မြို့နယ်က သူ့ရဲ့ ချစ်သူနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်. အခုချိန်မှာတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပုဇွန်တောင် မြို့နယ် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုတို့အတွက် ထောင်ဒဏ် ၅ နှစ်. အဲ့ဒီနောက် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့ကမူးယစ်ဆေးဝါး ရောင်းချမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေခဲ့တာဖြစ်ပါတယ်.

Photo: မိုးအောင်ရင်

အဲ့ဒါကြောင့်လည်း မိုးအောင်ရင်အတွက် စိတ်မကောင်းဖြစ်နေကြတဲ့ မိသားစုဝင်များ. အနုပညာရှင် များ နဲ့ ပရိသတ်တွေလည်း အများကြီးရှိပါတယ်. အဲ့ဒီအထဲမှာမှ သရုပ်ဆောင် အေးမြတ်သူကလည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်. အေးမြတ်သူက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေတာကို တွေ့ရပါတယ်.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က