သြဂုတ်လ ၁၃ ရက်နေ့ကတော့ မိုးအောင်ရင်ရဲ့ မွေးနေ့ပါ။

သြဂုတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်ဖြစ်တဲ့ သရုပ်ဆောင်မိုးအောင်ရင်အတွက် သရုပ်ဆောင် စည်သူမောင်က မွေးနေ့ ဆု တောင်းပေးခဲ့ပါတယ်။ မိုးအောင်ရင်ကတော့ ၂၀၁၆ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးမှုနဲ့ အချုပ်ကျခံနေရတာ ၂ နှစ်ရှိပါပြီ။

Photo: Si Thu Mg Fb

 

သရုပ်ဆောင် စည်သူမောင် ဟာ သြဂုတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင်ဖြစ်တဲ့ သရုပ်ဆောင်မိုးအောင်ရင်အတွက် မွေးနေ့ဆု တောင်းပေးခဲ့ပါတယ်။ သူ့အနေနဲ့ မွေးနေ့ဆုတောင်းစကားပြောခဲ့ပေမယ့်လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ တစ်ချိန်က အမှတ်တရ ဖြစ်ခဲ့တဲ့ ဓာတ်ပုံလေးတွေကိုလည်း ပြန်တင်ထားတာကို တွေ့ရပါတယ်။

''မပျော်ရွှင်နိုင်မှန်းသိပေမယ့် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပါစေညီလေးရေ။ ငယ်ငယ် ရွယ်ရွယ်နဲ့ အောင် မြင်လာလို့ တစ်ခါတလေ ကလေးဆန်ပေမယ့် စိတ်ထားဖြူစင်တဲ့ ညီလေး အမြဲပျော်စရာပေါက်ကရတွေပြောပြီး အားလုံးကို ရယ်မော ပျော်ရွှင် အောင် ပြောတတ်တဲ့ညီလေး အမြန်ဆုံး လွတ်လပ်ပျော်ရွှင်တဲ့ ဘဝကို ရောက်လာနိုင်ပါစေ'' ဆိုပြီးတော့ သြဂုတ်လ ၁၃ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

ပြန်ထွက်လာမှ ပရိသတ်တွေနဲ့တွေ့မယ်ဆိုတဲ့ မိုးအောင်ရင် 

Photo: Si Thu Mg Fb

 

သရုပ်ဆောင်မိုးအောင်ရင်ကိုတော့  မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မိုးအောင်ရင်ကို တာမွေ မြို့နယ်ရှိ နေအိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းအချို့နဲ့ဆေးခြောက်တွေနဲ့ အတူ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ တရားရင်ဆိုင်နေရတဲ့ မိုးအောင်ရင်ဟာ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ ၂ နှစ်ရှိပါပြီ။

Photo: Si Thu Mg Fb

 

သရုပ်ဆောင် စည်သူမောင်နဲ့ မိုးအောင်ရင်တို့ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ အသံသရုပ်ဆောင် အဖြစ်  အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ဖူး တယ် လို့သိရပါတယ်။ စည်သူမောင်ကိုတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ သရုပ်ဆောင်အပိုင်းမှာတော့ သိပ်မတွေ့ရတော့ပါဘူး။ အစီအစဉ် တင်ဆက်သူ တစ်ယောက်အဖြစ်နဲ့သာ ရပ်တည်နေတာကို တွေ့ရပါတယ်။

Photo: Moe Aung Yin Fb

 

သရုပ်ဆောင်စည်သူမောင်ကို ဗီဒီယိုဇာတ်ကား၊ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ့ကို တော့ နိုင်ငံတော်အကျိုးပြုဇာတ်ကားတွေမှာ ရဲအရာရှိ ဇာတ်ရုပ်နဲ့ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ပျော်ပျော်နေတတ်ပြီး ဖော်ဖော်ရွေရွေရှိ လှတဲ့ သူ့ကိုတော့ ပရိသတ်တွေက အခုထိ ချစ်ခင်အားပေးနေတုန်းပါပဲ။

Share

Loading Next Article...
က္က