မိုးအောင်ရင်အတွက် သရုပ်ဆောင် ပြေတီဦး၊ စန္ဒီမြင့်လွင်၊ နန်းဆုရတီစိုးနဲ့ ပွင့်တို့က ဝမ်းသာပီတိစကားဆိုထားပါတယ်။ ဒီနေ့ (မေလ ၇ ရက်နေ့) မှာတော့ မိုးအောင်ရင်က အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပါပြီ။
Photo: MOe Aung Yin
မေလ ၇ ရက်နေ့က အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ မိုးအောင်ရင်အတွက် အနုပညာရှင်တွေက ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီအထဲမှာမှ ပြေတီဦးကလည်း သူ့ရင်ထဲက ခံစားချက်ကို အခုလို ပြောပြထားပါတယ်။
‘’မိုးအောင်ရင် ပြန်လာပြီ’’ ပြေတီဦး က သူူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ မနက်ပိုင်းက ရေးသားခဲ့ပါတယ်။ ပြေတီဦးနဲ့ မိုးအောင်ရင်တို့ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာ အတူူတူပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။ အဲဒီနောက် နေမဝင်ဆည်းဆာဆိုတဲ့ ရန်ပုံငွေဖျော်ဖြေပွဲမှာလည်း နှစ်ယောက်အတူ အတွဲညီညီ ကပြဖျော်ဖြေခဲ့ပါတယ်။
Photo: Facebook
အဲဒီနောက် ရွယ်တူ သူငယ်ချင်းအရင်းတွေလို ခင်မင်ခဲ့ကြတဲ့ မိုးအောင်ရင်အတွက် အဆိုတော် စန္ဒီမြင့်လွင်ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ‘’မိသားစုနဲ့ထပ်တူဘယ်လိုပျော်မှန်းကိုမသိပျော်ရပါတယ် အန်တီ အရမ်းပျော်နေမှာတွေးတွေးပြီး အရမ်းဝမ်းသာပါတယ် ဦးရေ
’’ လို့ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Sandy Myint Lwin
ဟာသရုပ်ရှင်ဇာတ်ကားတွေမှာ အမြဲတတွဲတွဲ တွေ့ရလေ့ရှိတဲ့ မိုးအောင်ရင်နဲ့ ပွင့် တို့ရဲ့ ဇာတ်ဝင်ခန်းလေးတွေကိုတော့ ပရိသတ်တွေ မေ့နိုင်မှာ မဟုတ်ပါဘူး။ ပွင့်ကလည်း မိုးအောင်ရင်အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ‘’Warmly welcome ချစ်သူငယ်ချင်း "မိုးအောင်ရင်" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက တင်ထားခဲ့ပါတယ်။
Photo: Facebook
အဲဒီနောက် မိုးအောင်ရင်နဲ့ အတူ အနုပညာအလုပ်များစွာကို အတူတူလုပ်ခဲ့ကြတဲ့ နန်းဆုရတီစိုးကလည်း သူမရင်ထဲက ဝမ်းသာပီတိစကားသံကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။ ‘’Welcome back fri Moe Aung Yin ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက တင်ထားခဲ့ပါတယ်။
Photo: Nan Su Yati Soe
မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။