ဂျိမ်းစ်မီလ်နာကို ပင်နယ်တီကန်ဖို့ ဦးစားပေးအနေနဲ့ ရွေးချယ်ထားတာပါ။
ယမန်နေ့က လီဗာပူးအသင်းဟာ ပင်နယ်တီသွင်းဂိုးကြောင့် ဖူလ်ဟမ်အသင်းကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာ ယာယီရပ်တည်နိုင်ခဲ့တဲ့ပွဲစဉ်အပြီး ယာဂင်ကလော့ပ်က ဂျိမ်းစ်မီလ်နာကို ပင်နယ်တီကန်သွင်းဖို့ ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပထမပိုင်း ၂၆ မိနစ်မှာ မာနေးရဲ့အဖွင့်ဂိုးနဲ့ အိမ်ရှင်ဖူလ်ဟမ်အသင်းကို ဦးဆောင်နိုင်ခဲ့ပြီး ရိုင်ယန်ဘာဘယ်ရဲ့ ချေပဂိုးကြောင့် အနိုင်ဂိုးသွင်းယူနိုင်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပါတယ်။



မိနစ် ၈၀ မှာ ဖူလ်ဟမ်အသင်းဂိုးသမား ဆာဂျီယိုရီကိုက ပင်နယ်တီဧရိယာထဲမှာ မာနေးကို ဆွဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က လီဗာပူးအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ယင်းပင်နယ်တီကို ကန်သွင်းယူခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်မှာဖြစ်ပေမယ့် ကန်သွင်းယူခွင့်မရခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြယာဂင်ကလော့ပ်က ပုံမှန်အားဖြင့် လီဗာပူးအသင်းရဲ့ပင်နယ်တီကို ကန်သွင်းနေကျဖြစ်တဲ့ မိုဟာမက်ဆာလာအစား ဂျိမ်းစ်မီလ်နာကို ကန်သွင်းယူစေခဲ့ပါတယ်။ ယခုရာသီမှာ ဖာမီနိုနဲ့ ဂျိမ်းစ်မီလ်နာတို့ကို နည်းပြကလော့ပ်က ပင်နယ်တီကန်သွင်းခွင့်တာဝန်ကို မျှဝေပေးထားပြီး ဂျိမ်းစ်မီလ်နာအနေနဲ့ ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ ပင်နယ်တီကန်သွင်းဖို့ ဦးစားပေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကွင်းထဲမှာရှိနေတဲ့အချိန်မှာ မီလီ ပင်နယ်တီကန်ရတာဟာ ယုတ္တိတန်ပါတယ်။ မီလီက လူသားဖြစ်နေရင်တောင်မှ သံသယဖြစ်စရာမရှိပါဘူး။ မီလီမပါဘဲကစားရင်တောင် ၁-၀ ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က