လက်စတာနဲ့ပွဲမှာ လူစားလဲလှယ်ခံခဲ့ရသူပါ။

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ လက်စတာစီးတီးအသင်းနဲ့ကစားခဲ့တဲ့ စနေနေ့ညပွဲစဉ်မှာ လက်စတာကစားသမား ဟန်ဇာချောက်ဟူရီရဲ့ ပြင်းထန်တဲ့ဖျက်ထုတ်မှုကို ခံခဲ့ရပြီးနောက် လူစားလဲလှယ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

မိုဟာမက်ဆာလာဟာ စနေနေ့က လက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြင်းပြင်းထန်စွာ ရရှိမယ့်အခြေအနေကနေ လွတ်မြောက်ခဲ့ပြီးနောက် နာကျင်အချိန်ပိုမှာ လယ်လာနာနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။



လက်စတာစီးတီးအသင်းအတွက် ၈၆ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ ချောက်ဟူရီရဲ့ အကျည်းတန်တဲ့ဖျက်ထုတ်ပုံကြောင့် မိုဟာမက်ဆာလာဟာ ဘယ်ဖက်ခြေချင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပြီး လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်ကြယ်ပွင့် ဆာလာကို ပွဲအပြီးမှာ ဒဏ်ရာအခြေအနေ စစ်ဆေးခဲ့ပြီး ဆေးစစ်ချက်ရလဒ်ကို စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မိုဟာမက်ဆာလာရဲ့ ဆေးစစ်ချက်အဖြေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ချောက်ဟူရီရဲ့ဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်မှာ ကြီးကြီးမားမား ဒဏ်ရာရရှိသွားခြင်းမရှိဘူးလို့ လီဗာပူးအသင်းက အတည်ပြုခဲ့တယ်လို့ Liverpoolecho ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နိုင်ငံတကာအားလပ်ရက်တွေ စတင်ခဲ့ပြီဖြစ်တာကြောင့် လီဗာပူးအသင်းဟာ လာမယ့် အောက်တိုုဘာလ ၂၀ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မတိုင်မီအထိ ပွဲကစားသွားဖို့ မရှိပေမယ့် မိုဟာမက်ဆာလာ ဘယ်အချိန်ပြန်သက်သာလာမလဲဆိုတာတော့ ကျိန်းသေမပြောနိုင်သေးဘူးလို့ သိရပါတယ်။

ယခုလမှာ အီဂျစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့ လူစာရင်းမှာ ရွေးချယ်ခံထားရပြီးဖြစ်တဲ့ မိုဟာမက်ဆာလာဟာ ပြန်လည်သက်သာလာဖို့အတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ လီဗာပူးနည်းပြကလော့ပ်က ချောက်ဟူရီရဲ့ဖျက်ထုတ်မှုဟာ အနီကတ်ပြသင့်တယ်လို့ ပြောကြားခဲ့ပြီး မိုဟာမက်ဆာလာ အကြာကြီးအနားယူရမှာမဟုတ်တဲ့အတွက် စိတ်သက်သာရာရစရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က