အခုချိန်ထိမတွေ့ရှိသေးပါဘူး။

ငမိုးရိပ်ချောင်းအတွင်းမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၁၁ နာရီလောက်က မြောက်ဥက္ကလာရှိ ငမိုးရိပ်တံတားအောက် သဲတင်စက်လှေနစ်မြုပ်မှု ဖြစ်ပွားနေတယ်လို့ မြောက်ဥက္ကလာ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

Photo- FFSS

ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီလောက်အထိ အဆိုပါ စက်လှေကို ရှာဖွေတွေ့ရှိခြင်းမရှိသေးဘဲ မြောက်ဥက္ကလာမီးသတ်၊တာမွေမီးသတ်စခန်းမှ နာရေးကူညီမှုအသင်းက ရှာဖွေရေးယာဉ်တွေနဲ့ ရှာဖွေနေတယ်လို့ သိရပါတယ်။

နစ်မြုပ်သွားတဲ့ သဲတင် စက်လှေမှာ လူ ၄ ဦးလိုက်ပါလာပြီး ၃ ဦးကတော့ လွှတ်မြောက်သွားခဲ့ပြီး တစ်ဦးမှာတော့ စက်လှေနဲ့ အတူပါသွားခဲ့တယ်လို့ ကနဦးသတင်းအရ သိထားရကြောင်း မြောက်ဥက္ကလာ မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး သိန်းအေးက Duwun ကိုပြောပါတယ်။

“ ြမို့နယ်မှူးကို နာရေးကူညီမှုကနေ သတင်းပေးတာကတော့ ၄ ယောက်ပါသွားတယ်လို့ ပြောပါတယ်။ ၃ ယောက်ကတော့ လွတ်သွားပြီးတော့ ၁ ယောက်ကတော့စက်လှေနဲ့ ပါသွားတယ်လို့ ပြောပါတယ်။ အခုချိန်ထိတော့စက်လှေကို မတွေ့သေးပါဘူး” လို့ တပ်ကြပ်ကြီးသိန်းအေးက ဆိုပါတယ်။

Photo- FFSS

ေြမာက်ဥက္ကလာပ မြို့နယ် ငမိုးရိပ်တံတားအောက်မှာ ဇန်နဝါရီ ၂၅ ရက် မနက် ၁၁ နာရီ ၁၅ လောက်က သဲတင်စက်လှေနစ်မြှုပ်ဖြစ်ပွားနေတဲ့သတင်းအရ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)သီးသန့်မီးသတ်တပ်ဖွဲ့က အရေးပေါ်လူနာတင်ယာဉ် ၁ စီးနဲ့ ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်ကူညီပေးနေတယ်လို့ နာရေးကူညီမှုအသင်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက နာရေးကူညီမှုအသင်း(ရန်ကုန်) မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 ကို ၂၄နာရီပတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်တယ်လို့လည် းသိရပါတယ်။

Share

Loading Next Article...
က္က