၂၀၁၉ မေလမတိုင်ခင်ဆိပ်ခံတံတားအချို့ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ငမိုးရိပ်ချောင်းမှာ ရေကြောင်းပို့ဆောင်ရေး ဆိပ်ခံတံတား ၁၁ခုဆောက်လုပ်မှာဖြစ်တယ်လို့ Yangon Water Bus က နေသိရပါတယ်။

photo - Yangon Water Bus



ငမိုးရိပ်ချောင်းတစ်လျှောက်က မြို့နယ်တွေမှာ အခြေချနေထိုင်သူတွေအတွက် ဆိပ်ခံတံတားထားမယ့်နေရာတွေကို လေ့လာနေတာဖြစ်ပြီးတော့ ခရီးစဉ်တွေတိုးချဲ့တဲ့အနေနဲ့ ပြေးဆွဲတာဖြစ်တယ်လို့ သိရပါတယ်။

ဆိပ်ခံတံတားတွေကို ဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ နည်းပညာတွေကို ထိုင်းလုပ်ငန်းရှင်တွေနဲ့ MOU ရေးထိုးပြီးဖြစ်ပြီးတော့ ၂၀၁၉ မေလမတိုင်ခင်ဆိပ်ခံတံတားအချို့ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရန်ကုန် water bus ကိုယမန်နှစ်အောက်တိုဘာလတုန်းက စတင်ပြေးဆွဲခဲ့တာဖြစ်ပြီးတော့ ပထမဆုံးခရီးစဉ်အနေနဲ့ ရန်ကုန်-အင်းစိန်-လှိုင်သာယာ ခရီးစဉ်ကို ပထမဆုံးစတင်ပြေးဆွဲခဲ့တာဖြစ်ပြီးတော့ ရန်ကုန်-သန်လျင်ခရီးစဉ်နဲ့ ဒဂုံ-ဗိုလ်တစ်ထောင် ခရီးစဉ်တို့ကို ပြေးဆွဲနေတာဖြစ်ပါတယ်။

လက်ရှိမှာ water bus စနစ်အတွက်ခရီးစဉ်တွေအားလုံးကို လက်မှတ်စနစ်နဲ့ရောင်းချတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က