သားလေး သိဒ္ဓိစစ် က သီချင်းဆိုတာ ဝါသနာပါတယ်လို့ မေမေ မယ်လိုဒီက ပြောပြထားပါတယ်။ သဒ္ဓိစစ်က အခုဆိုရင် အသက် ၄ နှစ်ကျော်နေပြီဖြစ်ပါတယ်။
Photo: မယ်လိုဒီ
မယ်လိုဒီဟာ သားလေးသိဒ္ဓိစစ်တစ်ယောက် သီချင်းဆိုတာကို ဝါသနာပါတဲ့အကြောင်း ပရိသတ်တွေကို ပြောပြလိုက်ပါတယ်။ သားလေးအပေါ် သူ့ရဲ့ ဆန္ဒကတော့ သာသနာ့ဘောင်ထဲ ဝင်ဖို့ပါပဲတဲ့။
‘’သားလေးရေ ဆရာဝန် အဆိုတော် မင်းသားလုပ်ပြီး နောက်ဆုံး သာသနာ့ဘောင်ထဲဝင်လိုက်ပါကွယ်။ သီချင်းဆိုတာ ဝါသနာပါသူလေး အင်္ဂလန်သွားဖျော်ဖြေတုန်းကပါခင်ဗျာ။ အမှတ်တရပါ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အဆိုတော် Jawel ရဲ့ Message သီချင်းကို မိုက်ကိုင်ပြီး လိုက်ဆိုနေတဲ့ သဒ္ဓိစစ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ခဲ့ပါသေးတယ်။
Photo: မယ်လိုဒီ
သားလေး သိဒ္ဓိစစ်ကတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတက်နေရပြီလို့ သိရပါတယ်။ မွေးကင်းစ ကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။
Photo: မယ်လိုဒီ
ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင် တော့ သူတို့ရဲ့ တစ်ဦးတည်းသော သားလေး သဒ္ဓိစစ် က အခုဆိုရင် ၄ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
Photo: မယ်လိုဒီ
မယ်လိုဒီရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။