စိုးမြတ်သူဇာဟာ အနုပညာသက်တမ်းတစ်လျှောက်မှာ မရိုက်ဖူးသေးတဲ့ ကာရိုက်တာနဲ့ ပရိသတ်အရှေ့ကို ရောက်လာရမှာဖြစ်လို့ ရင်ခုန်နေတယ်လို့ဆိုပါတယ်။ မင်းသားကတော့ မြင့်မြတ်ဖြစ်ပါတယ်။
Photo: Soe Myat Thuzar
အနုပညာသက်တမ်းကြာနေပြီဖြစ်တဲ့ စိုးမြတ်သူဇာက သူတစ်ခါမှ မရိုက်ဖူးတဲ့ ကာရိုက်တာအသစ်တစ်ခုကို ရိုက်ကူးရမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီဇာတ်ကားနာမည်ကတော့ ‘’ စပါကလင်’’ လို့ သိရပါတယ်။
‘’တစ်ခါ မှ မရိုက်ဘူးသေးတဲ့ ကာရိုက်တာ နဲ့ ရိုက်ရမဲ့ ကားမို့လို့ စိတ်လူပ်ရှားမိပါတယ်။ ပထမ ဆုံး ရိုက်တဲ့ ကားတုန်း ကတောင် ဒီလိုမဖြစ် အခုမှ မင်းသမီး သစ် လေးလိုလို နဲ့ ( စပါကလင်ကို စိတ်ဝင်တစား ကောမန့်ပေးကြသူတွေအားလုံးကို ချစ်တယ် နော်)’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Soemyat thuzar
စပါကလင်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်မယ့် မင်းသားကတော့ မြင့်မြတ်ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ဘယ်အနုပညာရှင်တွေ ပါဝင်ဦးမလဲ ဆိုတာကိုတော့ ပြောပြထားတာ မရှိသေးပါဘူး။ စပါကလင် ရုပ်ရှင်ဇာတ်ကားအတွက် စိုးမြတ်သူဇာ ကိုယ်တိုင်လည်း ရင်ခုန်နေသလို သူ့ကိုအားပေးတဲ့ ပရိသတ်တွေကလည်း ကာရိုက်တာ အသစ်ဖြစ်လို့ စိတ်လှုပ်ရှားနေကြပါတယ်တဲ့။
Photo: Amazing Grace
စိုးမြတ်သူဇာက အခုဆိုရင် အသက် ၄၇ နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပါပြီ။ ဒီဆယ်စုနှစ်အတွင်းမှာလည်း အကယ်ဒမီဆုတွေ ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒီနေ့ဒီအချိန်ထိလည်း အနုပညာလောကမှာ အောင်မြင်မှုထိပ်ဆုံးရောက်ရှိနေတဲ့ မင်းသမီးတွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
Photo: Soe Myat Thuzar
စိုးမြတ်သူဇာက လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်သလို ညီအစ်မ ၄ ဦး အတူတူ ဖွင့်ထားတဲ့ ‘’မင်းသမီး’’ ပိုးထည်တိုက်ကိုလည်း အချိန်ရရင်ရသလို ဝင်ကူညီပေးနေတာကို တွေ့ရပါတယ်။