လက်ရှိမှာလည်း ဇာတ်ကားတွေ အတူတူရိုက်နေရတာပါ။

ခင်သဇင်ဟာ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ အနုပညာလမ်းကြောင်းပေါ်က အတွေ့အကြုံတွေကို သိခွင့်ရခဲ့တာကြောင့် ပီတိဖြစ်လို့နေပါတယ်။ မို့မို့မြင့်အောင်ရဲ့ ဆုံးမ စကားတွေကလည်း သူမအတွက် အင်အားတစ်ခုပါလို့ ပြောပါတယ်။

Photo: Khin Thazin



သရုပ်ဆောင် ခင်သဇင်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာလည်း အကယ်ဒမီများရှင် မို့မို့မြင့်အောင်နဲ့ ဇာတ်ကားအတူတူရိုက်ကူးနေတာပါတဲ့။ မို့မို့မြင့်အောင်ရဲ့ ဆုံးမစကားတွေကိုလည်း တန်ဖိုးထားတဲ့အကြောင်းပြောပြလာပါတယ်။

‘’MBA ဖြေအပြီး အနုပညာ လောကထဲ နောက်တစ်ကြိမ်သေသေချာချာ အချိန်ပေးပြီးပြန်ဝင်တော့ အန်တီမို့ နဲ့ ကားရိုက်စ ဆုံတယ်။ သမီး အရင်က ဘာလုပ်လဲ ဆိုပြီး မေးတော့ သမီး လေယာဉ်မယ် လုပ်ခဲ့တာပါ ဆိုတော့ အိုး ဒါကြောင့် ကြည့်နေတာ သူလေးက ချစ်စရာ ချောလိုက်တာ ဆိုပြီး တဲ့။ ဒါနဲ့ ဘာလို့ ထွက်လိုက်တာလဲတဲ့ ဆက်မေးပါတယ်။ ဟုတ် သမီး ၄ နှစ်လောက် ကြာလာတော့ ခေါင်းမူးလို့ပါ လို့အလွယ် ဖြေဖြစ်ခဲ့တယ်။ သူက ဘာလို့များ ထွက်လဲကွယ် တဲ့။ “အနုပညာ ဆိုတာ ခြေစုံ ပစ်ဝင်ရတယ်နော် သိလား” တဲ့ “မဟုတ်ရင် မအောင်မြင်နိုင်ဘူး” တဲ့။ သူ အဲဒီ အချိန်က တန်ဖိုး အရှိဆုံး စကားကို ဆိုခဲ့တာပါ’’ ဆိုပြီးတော့ သူ့ရဲ့ ေ့ဖစ်ဘွတ်ပေ့ချ်မှာ ဇွန်လ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Khin Thazin

မို့မို့မြင့်အောင်ရဲ့ ဆုံးမ စကားတွေကြောင့်လည်း အနုပညာအလုပ်အပေါ် အများကြီး ပိုနားလည်ခဲ့တယ်လို့ ခင်သဇင်က ပြောပါတယ်။ ဒါကြောင့်လည်း သူမရဲ့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုလာပါတယ်။

‘’ကိုယ့် အတွက် တစ်လုံး တည်းနဲ့ ထိမိတဲ့ စကားကို သူ ဆိုခဲ့တာပါ။ အဲဒီ အချိန်ကတည်းက အန်တီမို့ စကားက ခေါင်းထဲ ရိုက်သွင်း လိုက်သလို ထိမိ သွားခဲ့ပြီး။ ဘဝ နဲ့ ပတ်သတ်လို့ ကိုယ့်မှာ တွေးစရာတွေ ရွေးချယ်စရာတွေ ဆုံးဖြတ်စရာတွေ တစ်ပုံတစ်ပင် ဖြစ်ခဲ့ရတယ်။ ဒီစကားကလည်း သူ့လျှာဖျားက စကားလုံး သက်သက် မဟုတ်ဘူး ဆိုတာ သူဖွင့်မပြောပေမယ့် ကိုယ့်စိတ်က သိနေခဲ့ပါတယ်။ အတွေ့အကြုံတွေ အများကြီးကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီးမှလာတဲ့ စကားပါ။ စကားလက်ဆောင် ဆိုတာ ကြားဖူးရဲ့ မဟုတ်လား။ အဲဒီ စကား တစ်ခွန်း အတွက်လည်း ဒီနေရာကနေ လက်အုပ်မိုးရင်း ကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်’’လို့ သူကဆိုပါတယ်။

Photo: Khin Thazin

ခင်သဇင်ဟာ သူမတက်ထားတဲ့ ပညာရေးထက် အနုပညာအလုပ်ကိုပဲ တစ်စိုက်မတ်မတ် ဆောင်ရွက်သွားမယ်လိုပ ဆိုပါတယ်။ ရရှိလာတဲ့ အနုပညာကြေးတွေထဲကနေ အလှူအတန်း လုပ်ရတာကိုလည်း ပီတိဖြစ်နေပြီလို့ ပြောပါတယ်။

‘’ အန်တီမို့ စကားက ခေါင်းထဲ ရိုက်သွင်း လိုက်သလို ထိမိ သွားခဲ့ပြီး။ ဘဝ နဲ့ ပတ်သတ်လို့ ကိုယ့်မှာ တွေးစရာတွေ ရွေးချယ်စရာတွေ ဆုံးဖြတ်စရာတွေ တစ်ပုံတစ်ပင် ဖြစ်ခဲ့ရတယ်။ ဒီစကားကလည်း သူ့လျှာဖျားက စကားလုံး သက်သက် မဟုတ်ဘူး ဆိုတာ သူဖွင့်မပြောပေမယ့် ကိုယ့်စိတ်က သိနေခဲ့ပါတယ်။ အတွေ့အကြုံတွေ အများကြီးကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီးမှလာတဲ့ စကားပါ။ စကားလက်ဆောင် ဆိုတာ ကြားဖူးရဲ့ မဟုတ်လား။ အဲဒီ စကား တစ်ခွန်း အတွက်လည်း ဒီနေရာကနေ လက်အုပ်မိုးရင်း ကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်’’လို့ သူကဆိုပါတယ်။ 

Photo: Khin Thazin

ခင်သဇင်ဟာသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တာဝန်ယူကုသပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမက ကာလာစုံ Lesson ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်ပြီး '' မိန်းမကြမ်းကြီးများ'' ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က