လေးပွဲဆက် (၂)ဂိုးနှုန်း သွင်းယူနိုင်မလား စောင့်ကြည့်ရပါမယ်။

လူကာကူအတွက်လည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲဆက် တစ်ပွဲကို (၂)ဂိုးနှုန်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး လူကာကူက အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် (၂)မိနစ် နဲ့ (၃၀)မိနစ်တို့မှာ သွင်းယူခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိဖို့ လုံလောက်တဲ့ သွင်းဂိုးတွေ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ လူကာကူအတွက်လည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲဆက် တစ်ပွဲကို (၂)ဂိုးနှုန်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။



ယူနိုက်တက်အသင်းသမိုင်းမှာ အခုလို တစ်ပွဲကို (၂)ဂိုးနှုန်း နဲ့ (၃)ပွဲဆက်တိုက်သွင်းယူနိုင်ခဲ့တာဟာ လူကာကူက ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာ ယူနိုက်တက်ကစားသမားဟောင်း ရော်နယ်ဒိုက အက်စတန်ဗီလာ၊ ဝီဂန်၊ ရီးဒင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲ (၃)ပွဲဆက်တိုက် (၂)ဂိုးစီ သွင်းယူခဲ့ဖူးပြီး အသင်းသမိုင်းမှာ ပထမဆုံးစွမ်းဆောင်နိုင်တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

လူကာကူက ရော်နယ်ဒိုနောက်ပိုင်း ပထမဆုံးကစားသမား ဖြစ်လာခဲ့ပြီး အသင်းသမိုင်းမှာ ဒုတိယမြောက်ကစားသမား ဖြစ်ခဲ့တာပါ။ လူကာကူအနေနဲ့ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် အာဆင်နယ်နဲ့ပွဲမှာသာ အလားတူစွမ်းဆောင်ရည်မျိုး ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် အသင်းသမိုင်းတစ်လျှောက် (၄)ပွဲဆက်တိုက် (၂)ဂိုးနှုန်း သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၇)ပွဲ ကစားအပြီးမှာ လူကာကူက (၁၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝမှာ စုစုပေါင်း (၈၈)ပွဲကစားပြီး (၄၂)ဂိုး သွင်းယူပေးထားလို့ နှစ်ပွဲကို တစ်ဂိုးနှုန်း လူကာကူက သွင်းယူနိုင်ထားတာ ဖြစ်ပါတယ်။ ရာသီအစောပိုင်းမှာ ခြေစွမ်းဆိုးရွားနေခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ လူကာကူက ခြေစွမ်းပြလာခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှားလက်ထက်မှာ လူကာကူရဲ့ ကစားဟန်က ပြောင်းလဲသွားခဲ့ပြီး အသင်းရဲ့ တိုက်စစ်အစွန်မှာ ပြောင်းလဲကစားနေခဲ့ပါတယ်။ ဗဟိုတိုက်စစ်မှူးစစ်စစ် တစ်ယောက်ဖြစ်ပေမယ့် ဆိုးလ်ရှားက လူကာကူကို ပုံစံပြောင်းလဲပေးခဲ့တာ ဖြစ်ပြီး လူကာကူကလည်း ဆက်တိုက်ခြေစွမ်း ပြနေခဲ့လို့ သူ့ရဲ့ ခြေစွမ်းတွေက ထပ်ပြီးစောင့်ကြည့်ချင်စရာ ဖြစ်နေခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က