အဓိကကစားသမားအများစုမပါဝင်ဘဲ အနိုင်ကစားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြီး ၃ ဂိုး ၁ ဂိုးရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ၂ ကျော့ပေါင်း ၃-၃ အဝေးဂိုးစည်းမျဉ်းနဲ့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်မှတ်တမ်းကောင်းတစ်ခုကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်က အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ပီအက်စ်ဂျီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအိမ်ကွင်းကို စီနီယာကစားသမား ၁၀ ဦးမပါဝင်ဘဲ အကယ်ဒမီလူငယ်ကစားသမားတွေကို ခေါ်ဆောင်ပြီး လာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုုက်တက်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းမှာ လူကာကူက ၂ မိနစ်နဲ့ မိနစ် ၃၀ မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် တစ်လုံးတည်းသောချေပဂိုုးကို ဂျူအန်ဘားနတ်က ၁၂ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြီးဆုံးခါနီး ၈၉ မိနစ်မှာ ဒါလော့ရဲ့ကန်သွင်းချက်ကို ကာကွယ်ရင်း ကင်ပန်ဘီဟာ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့ပြီး ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုပြီး ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းအိမ်ကွင်းမှာ အံ့အားသင့်ဖွယ်ပြန်လာနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းတလျှောက် ပထမအကျော့အိမ်ကွင်းမှာ ၂ ဂိုး သို့မဟုတ် ၂ ဂိုးနဲ့အထက် ရှုံးနိမ့်ပြီးမှ နောက်တဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က