မိုးယံဇွန်၊ ထွန်းထွန်းတို့နဲ့ Gym မှာ ဆုံဖြစ်တဲ့ အမှတ်တရတွေကို စံရတီမိုးမြင့်က ပြောပြလာပါတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ သူမရဲ့ ခန္ဓာကိုယ်က Gym ထပ်ဆော့ဖို့လိုသေးတယ်လို့ ဆိုပါတယ်။
Photo: San Yati Moe Myint
ပရိသတ်အချစ်တော် မင်းသမီးချောလေး စံရတီမိုးမြင့်က အခုချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကို Gym ဆော့ရင်း ထိန်းနေတာ တွေ့ရပါတယ်။ မိုးယံဇွန်၊ ထွန်းထွန်းတို့နဲ့ Gym က ဓာတ်ပုံလေးတွေ တင်ဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ကနေပြောပြလာပါတယ်။
‘’သူတို့နဲ့က ကြုံလို့ ဓာတ်ပုံရိုက်တာ။ ချိန်းပြီးဆော့တာတော့ မဟုတ်ဘူး။ သူတို့က Gym မှန်တယ်၊ သဲသဲကသာ မသွားတစ်ခေါက်၊ သွားတစ်ခေါက်၊ သွားတဲ့အခါကျရင်တော့ ရိုက်ကြမယ် ဆိုပြီးတော့ရိုက်တာပဲ။ ဓာတ်ပုံရိုက်စရာရှိမှ သွားတာ အစ်မတို့ အရမ်းမေးတာပဲ။ Gym လည်း အရမ်းမဆော့ပါဘူး၊ အရမ်းဆော့ဖြစ်ရင် ဗိုက်မှာ အမြှောင်းတွေ ပေါ်နေမှာပေါ့။’’ လို့ သူကဆိုပါတယ်။
Photo: San Yati Moe Myint
စံရတီမိုးမြင့်က Gym မှာလည်း အနုပညာအစ်ကိုတွေဖြစ်တဲ့ သရုပ်ဆောင် ထွန်းထွန်းနဲ့ မိုးယံဇွန်တို့ကလည်း ဘယ်လိုပုံစံ ဆော့ရမယ် ဆိုတာမျိုး အကြံပေးကြတယ်တဲ့။ ဒါပေမယ့် ထိထိရောက်ရောက်လုပ်တာ နည်းတယ်လို့ POSH Runway 2019 ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
‘’သူတို့ကတော့ ကိုယ့်ကိုလေ နင်ဘာဖြစ်ချင်တာလဲ မေးရင် အသားကျစ်ချင်တယ်ဆိုတော့ ဒါဆိုရင် ဒါဆော့၊ ဒီလိုဆော့ပြောတယ်။ ပြီးရင် ကိုယ်က ပြန်လာတာပဲ။ အဲဒါအမှတ်တရ။ ဓာတ်ပုံရိုက်ပြီဆိုရင်လည်း ဟဲ့ ငါ ဗလ ထွက်လာပါလား ဆိုပြီးတော့ရိုက်ကြတယ်’’ လို့ ဆိုပါတယ်။
Photo: San Yati Moe Myint
စံရတီမိုးမြင့်က လက်ရှိ သူမ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အတွက် ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။
‘’အမှန်က အစားစားရမှာ အစားစားပြီး ဝိတ်လေး နည်းနည်းပြန်တင်ပြီး Gym ဆော့ရမှာ။ အသားကျစ်ကျစ်လစ်လစ်ဖြစ်အောင်လို့ အခုက ပိန်တော့ ပိန်တယ်။ အသားနည်းနည်းပျော့တယ်ပေါ့နော်။ အဲဒီအတွက်လည်း ပြန်လုပ်ရမယ်။ ဒီရက်ပိုင်း ပွဲတွေဆက်နေတော့ အဲဒါပြီးမှပဲ လုပ်နိုင်မှာပါ’’ လို့ ဆက်လက်ပြောပြလာပါတယ်။
စံရတီမိုးမြင့်ဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။
သူ့ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကတော့ ၂၀၁၈ ခုနှစ်က စပြီး ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ မကြာခဏဆိုသလို ရိုက်ကူး ရေး တွေ လုပ်နေတာကို တွေ့ရပါတယ်။ စံရတီမိုးမြင့်ကို ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် စတင် သိရှိ လာတာဖြစ်ပါတယ်။ ခပ်စွာစွာ ကောင်မလေး ကာရိုက်တာတွေကလည်း သူနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။
Share