ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လာမယ့်နှစ်အစီအစဥ်ထဲမှာ ဆန်းချက်ပါတယ်လို့ ပြောလာပြန်တာကြောင့် နေမလားပြန်မလား စိတ်ဝင်စားစရာပါ။
အီတလီသတင်းဌာန Tuttosportရဲ့ ဖော်ပြချက်အရ ချီလီတိုက်စစ်မှူး ဆန်းချက်အနေနဲ့ လာမယ့်နှစ် အင်တာမီ လန်မှာ အပြီးသတ်စာချုပ်နဲ့ ဆက်နေလိုပါက လက်ရှိ ရနေတဲ့ လုပ်ခလစာရဲ့ တစ်ဝက်ကိုယူမှ ဖြစ်နိုင်လိမ့်မယ်လို့ သိရပါတယ်။
ဆန်းချက်ကို အင်တာမီလန်က ဒီနှစ်ဘောလုံးရာသီအစမှာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး လစာကိုလည်း ယူနိုက်တက်နဲ့ သဘောတူထားတဲ့ တစ်ပတ်လုပ်ခ ပေါင် ၄သိန်းနဲ့ ပေးချေနေတာပါ။
ဆန်းချက်ကတော့ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၄သိန်းအပြင် အောင်မြင်မှုအပေါ်မူတည်ပြီး အပိုဆုကြေး ပေါင် ၁သိန်း၆သောင်းထိ ခံစားနိုင်မယ့် သဘောတူညီမှုပါ ပါရှိနေတာပါ။
ဒါပေမယ့်လည်း ဒီနှစ် အင်တာမီလန်ကို ရောက်လာချိန်မှာတော့ ခြေစွမ်းပြနိုင်ခြင်းမရှိပဲ ၁၄ပွဲမှာ တစ်ဂိုးသွင်း၊၃ဂိုးသာ ဖန်တီးပေးထားနိုင်ပါတယ်။
အင်တာမီလန်အနေနဲ့ ဆန်းချက်ကို ဆက်လက်အလိုရှိနေသေးပြီး အပြီးသတ် ခေါ်ယူဖို့ ပေါင် ၂၂ သန်းအထိ အသုံးပြုသွားဖို့ ရှိနေသလို ဆန်းချက်ကိုလည်း တစ်ပတ်လုပ်ခ ပေါင် ၂သိန်းသာ ပေးချေသွားဖို့ ရှိနေတာပါ။
အခြားတစ်ဖက်မှာလည်း ဆန်းချက်သာ သဘောမတူဘူးဆိုရင် အစားထိုးခေါ်ယူဖို့ နာပိုလီအသင်းက ဘယ်လ်ဂျီ ယံ ကစားသမား ဒရိုင်းမာတင်ကို ချိတ်ဆက်နေပါသေးတယ်။
ဆန်းချက်ကတော့ အသက်အရွယ်ရလာချိန်မှာ ခြေစွမ်းကျဆင်းမှုကို အဓိက ထိုးနှက်နေတာက ဒဏ်ရာပြဿနာ တွေဖြစ်ပြီး အင်တာမီလန်အတွက် ၄ပွဲကစားပြီးချိန်မှာပဲ အရွတ်နဲ့အဆစ်လွဲဒဏ်ရာတွေရကာ ၃လခွဲလောက် ပြန် နားလိုက်ရတာက ဆိုးရွားစေခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဆန်းချက်ကို ယူနိုက်တက်က မနှစ်ကတည်းက ရောင်းချချင်ခဲ့ပေမယ့် အငှားနဲ့ သာ အင်တာမီလန်ကို စေလွှတ်ခဲ့သော်လည်း လက်ရှိအချိန်မှာတော့ နည်းပြဆိုးလ်ရှားက လာမယ့်နှစ် အစီအစဥ် ထဲမှာ ဆန်းချက်ပါတယ်လို့ ပြောလာပြန်တာကြောင့် ဆန်းချက်တစ်ယောက် နေမလား ပြန်မလား စိတ်ဝင်စားစ ရာပါ။