အောက်တိုဘာလထဲ သွားလှူမယ်တဲ့။

ပရဟိတအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတဲ့ အဆိုတော် ထူးအယ်လင်းက ယခုလက်ရှိမှာ ကိုယ်ထူကိုယ်ထမူ လွန် ကျောင်း အတွက် အလှူရှင်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။



Photo : ထူူးအယ်လင်း FB

 

ပရဟိတအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတဲ့ အဆိုတော် ထူးအယ်လင်းက ယခုလက်ရှိမှာ ကိုယ်ထူကိုယ်ထမူလွန်ကျောင်းအတွက် အလှူရှင်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။အောက်တိုဘာ(၆) ရက်နေ့က ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကျွဲခြံထောင့်ကျေးရွာအုပ်စု၊ သက္ကယ် ကုန်းကျေးရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းအတွက်  လိုအပ်တာတွေကို သွားရောက်လှူဒါန်းမယ်ဆိုပြီး စက်တင်ဘ(၂၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

"ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ကျွဲခြံထောင့်ကျေးရွာအုပ်စု သက္ကယ်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထမူလွန်ကျောင်းကို ၆.၁၀.၂၀၁၈(စနေနေ့)မှာ သွားရောက်လှူဒါန်းကြမည်ဖြစ်ကြောင်း အလှူရှင် ခုနှစ်ရက်သား/သမီး(ရာဟုသား/သမီးအပါ)နှင့် ဆိုင်ကယ်ချစ်တဲ့ညီအကိုများကို အသိပေးအကြောင်းကြားအပ်ပါတယ်" ဆိုပြီး ထူးအယ်လင်းရဲ့ ဖေစ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : ထူူးအယ်လင်း FB

အက်ရှင်ကားကြိုက်တဲ့ ပရိသတ်တွေကို မေးခွန်းထုတ်ခဲ့တဲ့ ထူးအယ်လင်း 

ယင်းအခြေခံပညာမူလတန်ေးကျာင်းလေးကို ကျောင်းဆောင်သစ်ပြန်လည် တည်ဆောက်ပေးမှာ ဖြစ်တယ်ဆိုပြီး ထူးအယ်လင်းပြော ထားတာ တွေ့ရပါတယ်။ ကျောင်းဆောက်လုပ်ဖို့အတွက် မတည်ငွေ (၃၅)သိန်း မတည်ထားပေမယ့်လည်း ဒီထက်မက ကုန်ကျမှာ ဖြစ်တဲ့အတွက် အလှူရှင်တွေ ပါဝင်ဖို့အတွက် ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

အဆိုတော်ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာ ပရဟိလုပ်ငန်း တွေ တော်တော်များများကို ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ဦးဆောင်ပြီး မီးသဂြိုလ်စက်တွေ လှူဒါန်းခဲ့သလို နာရေး ကူညီမှု အသင်းအတွက် လူနာတင်ကားတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo : ထူူးအယ်လင်း FB

 

အဲ့ဒီနောက် လှည်းကူးမြို့ နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ်ကျောင်း ဆောက် လုပ်လှူဒါန်းမှုအတွက်လည်း အလှူငွေတွေ ကောက်ခံ နေသေးတယ်လို့ သိရပါတယ်။

အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က