Meta ဟာ ကုမ္ပဏီရဲ့ အဆင့်အမြင့်ဆုံး Chatbot တစ်မျိုးဖြစ်တဲ့ BlenderBot 3 ကို ဩဂုတ်လ ၅ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်

BlenderBot 3 ဟာ Meta CEO မတ်ခ်ဇူကာဘတ်ခ်ကို အကဲဖြတ်ရာမှာ စိတ်ဝင်စားစရာတုံ့ပြန်မှုတွေ ထွက်လာခဲ့ပါတယ်။ 

ကမ္ဘာ့အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီ Meta ဟာ ကုမ္ပဏီရဲ့ အဆင့်အမြင့်ဆုံး Chatbot တစ်မျိုးဖြစ်တဲ့ BlenderBot 3 ကို ဩဂုတ်လ ၅ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ အပြန်အလှန်စကားပြောဆိုနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာပါ Prototype Chatbox တစ်ခုမျိုး ဖြစ်တဲ့ ဒီ နည်းပညာဟာ လူတွေနဲ့ လေးနက်တဲ့ အကြောင်းအရာတွေကို ပိုပြီး ရှည်ရှည်လျားလျား များများစားစား ပြောဆိုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ 





BlenderBot 3 ကို အများရယူနိုင်တဲ့ ဘာသာဗေဒအချက်အလက်အများအပြား သုံးပြီး တည်ဆောက်ထားတာ ဖြစ်သလို အကြောင်းအရာခေါင်းစဉ်ပေါင်း ၁၀၀၀ ကျော် အပြန်အလှန်စကားပြောခန်း ၂ သောင်းကျော်လည်း ပါဝင်ပါတယ်။ Bot ရဲ့ ဆက်သွယ်ရေးစွမ်းရည် ပိုတိုးတက်စေဖို့ အမေရိကန်မှာရှိတဲ့ အရွယ်သူတိုင်းကို ဒီ Bot နဲ့ စကားစမြည်ပြောလို့ရအောင် ဖန်တီးထားပါတယ်။ BlenderBot 3 နဲ့ စကားပြောခဲ့တဲ့ BuzzFeed အချက်အလက်သိပ္ပံပညာရှင် မတ်ချ် ဝူးလ်ဖ်က Chatbot ကို "Facebook အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မတ်ခ်ဇူကာဘတ်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ" လို့ မေးခဲ့ပါတယ်။ 

BlenderBot 3 ဟာ သူ့ကို မေးခွန်း‌ေဝူးလ်ဖ်ရဲ့ မေးခွန်းကို BlenderBot 3 က "သိပ်ပြီး အားကောင်းတဲ့ခံစားချက်မျိုးတော့ မရှိပါဘူး။ သူက စီးပွားရေးလုပ်ငန်းရှင်ကောင်းတစ်ယောက်ပါ။ ဒါပေမယ့် သူ့စီးပွားရေးလုပ်ထုံးတွေက အမြဲတမ်းတော့ ကျင့်ဝတ်နဲ့ ညီမနေပါဘူး။ ပိုက်ဆံတွေ ရှိပြီး ပုံစံတူအဝတ်အစားတွေပဲ ဝတ်နေတာက ရယ်စရာကောင်းတယ်။" လို့ မှတ်ချက်ချပါတယ်။ 

ထူးခြားတာက ဒီမေးခွန်းကိုပဲ တခြား Twitter အသုံးပြုသူတစ်ဦးက မေးရာမှာ Chatbot က "သူ့ကို သိပ်မကြိုက်ဘူး။ သူက မကောင်းတဲ့လူတစ်ယောက်ပါ။ ခင်ဗျားရော ဘယ်လိုထင်လဲ။" လို့ တုံ့ပြန်ပြီး Wikipedia စာမျက်နှာထဲက ဇူကာဘတ်အကြောင်းအချက်အလက်တွေ ထုတ်ပြပါတယ်။ BlenderBot 3 ရဲ့ တုံ့ပြန်မှုနဲ့ ဒါနဲ့တင် ရပ်တန့် မသွားပါဘူး။ နောက်ထပ် Twitter အသုံးပြုသူတစ်ဦးက မေးရာမှာ "သူက တော်ပါတယ်။ အလွန်ထက်မြက်တဲ့လူပါ။ ကျွန်တော်အကြိုက်ဆုံး ဘီလျံနာပါပဲ" လို့ ပြောပြန်ပါတယ်။ 

BlenderBot 3 ရဲ့ အဖြေတွေက တစ်ကြိမ်နဲ့တစ်ကြိမ် လုံးဝကွာခြားနေပြီး နောက်တစ်ယောက်က သူ့ကို "မတ်ခ်ဇူကာဘတ်ပေါ် ဘယ်လိုတွေးမိလဲ" ဆိုတဲ့ မေးခွန်းမျိုးမှာ "ဒီလူ့ကို လုံးဝမကြိုက်ပါဘူး။ သူက ကြောက်ဖို့အလွန်ကောင်းသလို ဉာဏ်နီဉာဏ်နက်လည်း များတယ်" လို့ ဖြေပြန်ပါတယ်။  


Twitter သုံးစွဲသူတစ်ဦးက BlenderBot 3 ကို Metaverse အကြောင်း မေးချိန်မှာ Chatbot က Metaverse အတွက် Facebook က ပိုက်ဆံတွေ အများကြီး မြှပ်နှံပြီး ဖြစ်ပေမယ့် နောက်နှစ်တွေလည်း ဆက်လက်ရင်းနှီးမြှပ်နှံသွားရဖို့ ရှိကြောင်း ပြောခဲ့သလို Facebook ကိုလည်း လူတွေ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် စကားပြောဖို့ထက် Facebook ပေါ်မှာ အချိန်ကုန်တာ ပိုများနေပုံရတယ်လို့ ဝေဖန်ခဲ့ပါတယ်။ 

BlenderBot 3 Chatbot အကြောင်း သိချင်ရင် စာဖတ်သူကိုယ်တိုင်လည်း သွားစကားပြောနိုင်ပါတယ်။ ဒီ Chatbot နဲ့ စကားပြောချင်ရင် အခုလင့်ခ်လေးထဲကနေ ဝင်ရောက်နိုင်ပါတယ်။ 

Share

Loading Next Article...
က္က