Attention Seeker ဆိုတာလည်း အမွန်းနားမလည်ပါဘူး။

အမွန်းတစ်ယောက် Attention နဲ့ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်တွေကို ပြောလာပါတယ်။ သူ့ကိုတော့ ချစ်တဲ့ ပရိသတ်တွေ လည်း ရှိသလို အားမပေးပဲ ဝေဖန်ကြတဲ့ ပရိသတ်တွေလည်း ရှိပေမယ့် အနုပညာအလုပ်တွေကို ပုံမှန်အတိုင်းအကောင်းဆုံး ကြိုးစား သွားမယ်တဲ့။ သူ့ကိုမုန်းတဲ့ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ စကားလက်ဆောင်လေးပြောခဲ့ပါသေးတယ်။

Photo: Ahmoon Fb Page

 

အဆိုတော်အမွန်းက အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် Attention ဖြစ်တာနဲ့ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်ကို ပြောလာပါတယ်။ နေရာ တိုင်းမှာ Attention Seeker ဆိုတာရှိတဲ့အတွက် အမြဲတမ်းဆိုရင်တော့ လူပြောစရာဖြစ်လာနိုင်တဲ့အကြောင်းကို Panasonic နှစ် ၁၀၀ ပြည့်ပွဲကို တက်ရောက်ရင်း Duwun Mediia ကို သီးသန့်ဖြေဆိုခဲ့တာပါ။

'' လူတွေက Selfe Center တွေဆိုတော့ လူတွေက ကိုယ့်ကို Attention ပေးလို့ရှိရင် လူတိုင်းက ကြိုက်ကြတယ်။ ဒါကတော့ လူ့သဘာဝပေါ့ နော်။ အနုပညာရှင်မှ မဟုတ်ဘူး Attention Seeker ကလေ နေရာတိုင်းမှာရှိပါတယ်။ ဒီ Attention Seeker ဆိုတာက သူများရဲ့ Attention ကို လိုချင်တဲ့ လူမျိုးဆိုရင် သိသာတယ်။ အဲ့ဒီအခါကျရင်တော့ လူတွေ ပြောစရာဖြစ်တာမျိုးပေါ့နော်'' လို့ သူကဆိုပါတယ်။

Photo: Ahmoon Fb Page

 

အမွန်းဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ကိုယ်တင်စရာရှိရင်တင်တယ်၊ လုပ်စရာရှိတာ လုပ်တယ်၊ ပရိသတ်တွေကို အမှန်တွေ ချပြတယ်လိ့ု ဆိုပါတယ်။ သူဟာ ချစ်ခင်အားပေးတဲ့ ပရိသတ်ရှိသလို အားမပေးပဲ ဝေဖန်ကြတဲ့ ပရိသတ်တွေ လည်းရှိတာကြောင့် သူ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် မျှမျှတတလုပ်တယ်လို့ ဆိုပါတယ်။

'' ဘယ်သူတွေ Attention Seeker မှန်းလည်း အမွန်းက မသိပါဘူး၊ အမွန်းဆိုရင်လည်း ကိုယ်တင်စရာရှိရင် တင်လိုက်တယ်။ အမွန်းကတော့ ပရိသတ်ကို အမှန်တွေချပြနိုင်အောင် တမင်တကာကြီး Attention ရပါစေတော့ ဆိုပြီး မလုပ်ဖြစ်ဘူး။ လုပ်ဖြစ်မယ်လို့လည်း မထင်ဘူး။ ပရိသတ်ကလည်း ကောင်းတဲ့ ပရိသတ်ရှိသလို မချစ်တဲ့ ပရိသတ်တွေကလည်း ဘာပဲလုပ်လုပ် အပြစ်ပြောနေတာဆိုတော့ Attention ကတော့ သူ့ဘာသာသူ Balance ဖြစ်နေတာပဲ ကောင်းပါတယ်"သူကပြောပါတယ်။

Photo: Ahmoon Fb Page

ကမ္ဘာ့အဆင့်မီဖို့ထက် မြန်မာ့အဆင့်မီဖို့ မနည်းကြိုးစားနေရတယ်ဆိုတဲ့ အာကာ  

ချစ်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အမွန်းဟာ မုန်းတဲ့ ပရိသတ်တွေရဲ့ အမုန်းတွေကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အမွန်းကို မုန်းတဲ့ ပရိသတ်တွေကို အမွန်းက ချစ်စရာကောင်းတဲ့ စကားလက်ဆောင်လေးအဖြစ် Duwun media ကနေ ပြောပြခဲ့ပါသေးတယ်။

''Hater တွေကိုလေ အမွန်းပြောချင်တာက မုန်းချင်ရင်လည်း မုန်းပါ။ အမွန်းကို မုန်းလိုက်လို့ ပျော်သွားတယ်ဆိုရင် အမွန်းကုသိုလ်ရပါတယ်။ မုန်းလို့မပျော်သွားဘူးဆိုရင်လည်း အမွန်းက မေတ္တာပို့ပါတယ်။ အားလုံးရဲ့ ဘဝမှာ ငြိမ်းချမ်းပါစေ။ ပျော်ရွှင်ပါစေ အမုန်းတွေ အဃာတတွေ မရှိတဲ့ ဘဝမှာ အေးချမ်းပါစေလို့ဆုတောင်းပါတယ်'' ဆိုပြီးတော့ အမွန်းကပြောပါတယ်။

Photo: Ahmoon Fb Page

 

အမွန်းဟာ လက်ရှိဂီတလောကမှာ အောင်မြင်နေတဲ့ ကချင်တိုင်းရင်းသူ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတလောကမှာ သာမက သရုပ်ဆောင်ဘက်ကိုပါ ခြေလှမ်းနေသူ တစ်ဦးပါ။ အမွန်းဟာ Ah Moon ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသလို နောက်ထပ်အခွေအသစ်ထွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က