ဇာတ်ပို့ တစ်ယောက်ရဲ့ အနုပညာကြေးက စုဆောင်းဖို့ မလွယ်ဘူး။

အေးသီတာ တစ်ယောက် ဇာတ်ကားတွေ အရိုက်နည်းနေချိန်မှာ ခင်ပွန်းနဲ့ အတူ ကိုယ်ပိုင်အလုပ်လေးတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်က ရတဲ့ အနုပညာကြေးတွေကလည်း စုဆောင်းဖို့ မလွယ်တဲ့အကြောင်းပြောလာပါတယ်။

Photo: Aye Thida



ဇာတ်ပို့သရုပ်ဆောင် အေးသီတာ ကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့ အတူ ကိုယ်ပိုင်စီးပွားရေး လုပ်နေတယ်လို့ သိရပါတယ်။ ဒီ စီးပွားရေးအကြောင်းကိုလည်း သူမက Duwun Media ကနေ ပြောပြလာခဲ့ပါတယ်။

‘’ အစ်မတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ကတော့ ဂျာနယ်ဖြန့်ချိရေးက အရင်တုန်းကတည်းက ရှိတာပေါ့နော်။ ယောကျ်ားက ဦးဆောင်တယ်။ အဲဒီ ခေတ်ကလည်း မကောင်းတော့ဘူးလေ Online Media ခေတ်ဆိုတော့ အစ်မတို့ ဇာတ်ကားရိုက် အခြေအနေကလည်း ထုံးစံအတိုင်းဖြစ်နေတဲ့အချိန်မှာ အစ်မကိုယ်တိုင် သုံးတဲ့ အလှကုန်ပစ္စည်းလေးတွေပေါ့ ယိုးဒယားက ထုတ်တဲ့ ဟာလေးတွေကို Sharing လုပ်တာပေါ့။ နောက်ပိုင်းတော့ စဉ်းစားထားတယ် မုန့်ဟင်းခါးပြန်ရောင်းရင်ကောင်းမလား၊ ဝက်သားတုတ်ထိုးတို့၊ ဝက်သားဟင်းတို့ ပြန်ချက်ရောင်းရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Aye Thida

အေးသီတာဟာ ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးနေရပေမယ့်လည်း ရရှိတဲ့ အနုပညာကြေးက နည်းတာကြောင့် စုဆောင်းဖို့ ကျန်တဲ့ငွေက မရှိသလောက်ပဲလို့ ဆိုပါတယ်။

‘’ အစ်မတို့ဇာတ်ပို့ဇာတ်ရံ ဘဝဆိုတာက ကိုယ်ရတဲ့ အနုပညာကြေးက နည်းနည်းပဲရတာလေ။ အဲဒါလေးကိုမှ လှူတာရယ်၊ ကိုယ့်မိသားစု အတွက်၊ အမေ အဖေတို့ရှိသေးတော့ ကျန်းမာရေးအတွက်၊ အဝတ်အစားတွေ အတွက် သုံးရတယ်ဆိုတော့ ဘာမှ အများကြီး မကျန်ဘူး။’’ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့ က Shwe FM ဂီတဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Aye Thida

ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်အနေနဲ့ အနာဂတ်အတွက် ဆုတောင်းဖို့ကတော့ ထီပေါက်ဖို့ပဲ ဆုတောင်းတော့မယ်လို့လည်း အေးသီတာက စနောက်ရင်း ပြောပြခဲ့ပါတယ်။

‘’အခု ဇာတ်ကားရိုက်တာတွေက အရင်လိုမဟုတ်ဘူး။ အရိုက်ကျဲသွားတဲ့ အခါကျတော့ လူတွေက ပြောကြမယ် ဇာတ်ပို့တွေ ဘာမှမရိုက်ရဘူး။ အနာဂတ်အတွက်ဘာမှ မစုဆောင်းထားဘူးလားဆိုတော့လည်း စုဆောင်းဖို့အတွက် ဘယ်မှာရှိမှာလဲဆိုတော့ အနာဂတ်အတွက် စုဆောင်းဖို့ သိန်း ၁သောင်းခွဲထီ ပေါက်ဖို့ပဲ ဆုတောင်းနေရတော့မှာပါလေ’’လို့ ဆိုပါတယ်။

Photo: Mirror

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးသီတာကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာ ကြ တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေက အစ်မနေရာ၊ အမေ နေရာ၊ အဒေါ်နေရာ၊ အိမ်အကူနေရာတွေကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က