ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်မယ်။

အေသင်ချိုဆွေဟာ Single Mother တစ်ယောက်အနေနဲ့ သမီးလေးကိုလည်းစောင့်ရှောက်နေရသလို ဂီတအလုပ်တွေလည်း လုပ်ကိုင်နေသူ တစ်ဦးပါ။ ဒါပေမယ့် သူမကို ဝေဖန်လာတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကိုလည်း မခံစားချင်ပါဘူးတဲ့။


Photo: A Then Cho Swe

အေသင်ချိုဆွေက သူမတစ်ယောက်တည်း အနုပညာလောကမှာ ကြိုးစားနေရတာဖြစ်လို့ ဝေဖန်မှုတွေကြုံလာလည်း အပြုံးမပျက်ပါဘူးတဲ့။ သူမမှာ စိတ်မွန်းကျပ်ရတဲ့အချိန်၊ ပင်ပန်းရတဲ့အချိန်တွေလည်း ရှိတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

‘’သင်တို့ဘယ်လောက်ဆဲဆဲ (haters gonna hate) ကျွန်ုပ် အပြုံးမပျက်ပါ ၊ အဘယ်ကြောင့်ဆိုသော် အိမ်မှာလဲ ၂ရက်ခြား တစ်ခါ၊ ဒါမှမဟုတ်ရင် ၁လကို၂ကြိမ်လောက် အဆဲခံနေရတုန်းပါပဲ(မားသားဆဲတာပါ)။ကျွန်ုပ်က ဘဝမှာ အကြီးအကျယ်မှားခဲ့ဖူးတာတွေ ရှိတဲ့အတွက် အပြင်လောကမှာတင်မဟုတ်ပါဘူး။ ကျွန်ုပ်အိမ်မှာလည်း အမေရဲ့ မယုံကြည်မှု၊ စိုးရိမ်ပူပန်မှုတွေကြောင့် အမြဲလိုအပြောခံနေရတာပါပဲ။တစ်ခါတလေ ဖြစ်တတ်တယ်၊ စိတ်ထဲမှာ အရမ်းမွန်းကျပ်လာတဲ့ အချိန်၊ ဘယ်သူ့ကိုပြောပြလို့ ပြောပြရမှန်းမသိ၊ နားထောင်ပေးမယ့်သူ မရှိတဲ့ အခါမျိုးတွေမှာ စာအုပ်ထဲမှာချရေးမလို့ ကြံရုံရှိသေးတယ်။ အိုင်ဗီက ရောက်လာပြီ၊ လိုက်ရှုပ်ပြီ။’’လို့ ဆိုပါတယ်။ 

Photo: A Then Cho Swe

သူမကိုယ်တိုင်မှာလည်း လိုအပ်ချက်တွေ များခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူမရဲ့ အတိတ်က အရိပ်တွေကြောင့် ဖြစ်ပေါ်လာမယ့် အရာတွေကို ပြန်လှည့်ပြီး ပြန်ပြောတော့မှာ မဟုတ်ဘူးလို့ မေလ ၁၇ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

‘’ကျွန်ုပ်မှာလိုအပ်ချက်တွေအရမ်းကိုများပါတယ်။ လူတွေက ကျွန်ုပ်ကို impress ဖြစ်လာအောင်လည်း ကျွန်ုပ်မနေတတ်ဘူး(ဒါပေမဲ့ကြိုးစားရမယ်နေတတ်အောင်)။ အခုချိန်မှာ ဘယ်လောက်ပဲ ကောင်းအောင်ကြိုးစားပြီး နေလင့်ကစား အတိတ်က အရိပ်တွေကြောင့် အနည်းနဲ့အများတော့ အပြောဆိုခံရမှာပဲလေ။ ငြင်းခုံရမယ့် ကိစ္စတွေ နောက်ကြောင်းပြန်လှည့်ပြီး ရှင်းပြရတာတွေက၊ အခုလက်ရှိ ရုန်းကန်နေရတာထက် စိတ်ရော၊ လူရောပိုပင်ပန်းစေလို့ လုံးဝကို စိတ်ညစ်မခံတော့တာ’’လို့ ဆိုပါတယ်။

Photo: A Then Cho Swe

ဂီတအလုပ်တွေ အဆက်မပြတ် လုပ်ဆောင်လာပြီဖြစ်တဲ့ အေသင်ချိုဆွေက သူမကို မုန်းတီးတဲ့သူတွေကိုရော၊ ချစ်ခင်တဲ့သူတွေကိုပါ ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။

‘’တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့် တစ်ဖက်တည်းကိုပဲ ကြည့်တတ်တဲ့လူတချို့ကလည်း သူ့အတ္တနဲ့သူပေါ့၊သူတို့(haters)တွေလည်း ပြော/ဆဲစရာရှိတာပြောကြပေါ့၊ ကျွန်ုပ်လည်း လုပ်စရာရှိတာဆက်လုပ်ပေါ့။ ဝန်းရံပေးကြပါသော ချစ်ရသူများနဲ့ အားလုံး တစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ပါတယ်’’လို့ ဆက်လက် ရေးသားထားပါတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က